မိတ္ထီလာမြို့နယ်၌ မိုဘိုင်းယာဉ်ဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး လုပ်ငန်းဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုအနေဖြင့် ဒေသခံ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန် မိုဘိုင်းယာဉ်ဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး လုပ်ငန်းများကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီ အချိန်က မိတ္ထီလာ-မြင်းခြံသွားကားလမ်း မိတ္ထီလာမြောက်ကန်အနီး ဝန်ဇင်ကန်ဘောင်ပေါ် တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။