မြောင်မြို့နယ်မှ ရှေးဟောင်းရွှေထည်များ တွေ့သည့်နေရာတွင် လာရောက်ရှာဖွေနေသူများ ကြောင့် လုံခြုံရေးရဲကင်းချ၍ ကြပ်မတ်ထား
ရှေးဟောင်းပစ္စည်းဟုယူဆရသည့် ရွှေထည်များ တွေ့ရှိခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောင်းဖြူကျေးရွာ အနောက် ဘက်ရှိ ဧရာဝတီမြစ်လက်တက် နေရာတွင် လာရောက်၍ မြေများကိုတူးဆွကာ ရှာဖွေနေ သူများကြောင့် လုံခြုံရေးရဲကင်းချပြီး ကြပ်မတ် ဆောင်ရွက်နေကြောင်း မြောင်မြို့နယ် စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်းအောင်ထံမှ သိရသည်။