ကယားပြည်နယ်၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရွာသစ်မြို့ရှိ ဒေသခံပြည်သူများအား ဆေးကုသမှု ကွင်းဆင်းဆောင်ရွက်ပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးကုသမှု ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ မြောက်ပိုင်းရပ်ကွက်ရှိ စတုမာလာဓမ္မာရုံ၌ အခမဲ့ဆေးကုသမှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တုံတာမြို့တွင် ရွေ့လျားဓာတ်မှန်စက်အသုံးပြု၍ တီဘီရောဂါရှာဖွေကုသခြင်းများ အခမဲ့ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကျိုင်းတုံမြို့ ပြည်နယ်တီဘီရောဂါတိုက် ဖျက်ရေးဌာနမှ GF အထောက်အပံ့ဖြင့် ရွေ့လျားဓာတ်မှန်စက်ကို အသုံးပြု၍ တီဘီရောဂါ ရှာဖွေကုသခြင်းလုပ်ငန်းကို ယနေ့နံနက် ၉နာရီခန့်က တုံတာမြို့ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။

ကွန်ဟိန်းမြို့၌ Mask တပ်ဆင်သွားလာခြင်းမရှိသူများထံမှ ကောက်ခံရရှိသော ဒဏ်ငွေများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ထံသို့ လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ Mask တပ်ဆင်သွားလာခြင်းမရှိသူများထံမှ ကောက်ခံရရှိသော ဒဏ်ငွေများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော််မတီ ထံသို့လှူဒါန်းခြင်းအား ယနေ့ နံနက်(၉) နာရီ ၃၀ မိနစ်အချိန်ခန့်က ကွန်ဟိန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင်အတွင်း သတ်မှတ်ထားသည့် Stay At Home ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် ဒဏ်တပ်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်တော့မည်မဟုတ်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြေညာချက်ထုတ်ပြန်

မန္တလေး ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မန္တလေးခရိုင်အတွင်း ကိုဗစ် ၁၉ ဖြစ်ပွားမှုအခြေအနေများကြောင့် ယခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ဒီဇင်ဘာ၁၈ ရက်ထိ မန္တလေးခရိုင်အတွင်း Stay At Home ထုတ်ပြန်ထားပြီး စည်းကမ်းဖောက်ဖျက်သူများကို ဒဏ်ရိုက်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့ဒီဇင်ဘာ၁၈ရက်နေ့မှစတင်ပြီး မန္တလေးခရိုင်အတွင်း သတ်မှတ်ထားသည့် Stay At Home ဆောင်ရွက်ခြင်း လုပ်ငန်းနှင့် ဒဏ်တပ်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်တော့မည်မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန် ကြေညာချက်အရသိရသည်။

စမ်းချောင်းမြို့နယ်တွင် သတ္တမအကြိမ်မြောက် ဟင်းသီးဟင်းရွက်၊ သား၊ ငါး အခြေခံစားသောက်ကုန် များအား Mobile market ကားများဖြင့် ရပ်ကွက်များအရောက် လိုက်လံရောင်းချ

ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ ​စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများအနေဖြင့် အခြေခံ စားသောက် ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန်နှင့် ဈေးများ သို့ သွားရောက်ဝယ်ယူ ခြင်း မပြုရသည့်အတွက်ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွါးမှု ကာကွယ် နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးတို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာ​ရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ချုပ်တို့ ကြီးမှူး၍ သတ္တမအကြိမ်မြောက်အဖြစ် ယ​နေ့ နံနက် (၇)နာရီမှ (၁၀)နာရီထိ စမ်းချောင်းမြို့နယ်အတွင်းရှိ စမ်းချောင်း(တောင်) ရပ်ကွက်၊ စမ်းချောင်းလမ်းအတွင်းသို့ Mobile market‌ ဈေးကားများဖြင့် လှည့်လည်​ရောင်းချ​​ပေးခဲ့​ကြောင်း သိရ သည်။

ထန်ပါခွေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဈေးအရောင်းဆိုင်များအား စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့ပေါ် ရပ်ကွက်အတွင်းရှိ ဈေးအရောင်းဆိုင် များအား ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့တွင် Facility Quarantine ထားရှိသူ(၂၄)ဦး၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ် နမူနာများရယူ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် Facility Quarantine ထားရှိသူ(၂၁)ဦး၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ်နမူနာများကို ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးရန် ယနေ့ နံနက်(၉) အချိန်ခန့်က မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်း (Facility Quarantine) တွင်နှာခေါင်းနှင့်အာခေါင်တို့ဖတ်နမူနာများ ရယူခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့်အဖွဲ့မှ ရေပေးဝေမှုလုပ်ငန်းနှင့် လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း ကျေးလက်နေပြည်သူများလူမှုဘဝဖွံ့ဖြိုး တိုးတက် စေရေး အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန်နှင့် ရေရှားပါးသည့်ကျေးရွာများ သောက်သုံး ရေဖူလုံစွာ ရရှိစေရန် ဒီဇင်ဘာ(၁၇)ရက် နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်က မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းကျော်လွင်၊ ချောင်းဆုံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းဦး၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းမော်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူလွတ်တော် ကိုယ်စား လှယ်လောင်းများ ပါဝင်သောအဖွဲ့မှ ၂၀၁၉-၂၀၂၀ဘဏ္ဏာရေးနှစ်တွင် ပြည်နယ် အစိုးရ ရန်ပုံငွေ ကျပ်သန်း(၅၀)ဖြင့် ဆောက်လုပ်ထားသည့် ဖံဖကျေးရွာ ရပ်ကွက်(၉) ဦးထွေးသိန်း၏ နေအိမ်ခြံဝင်း အတွင်းရှိ ရေးပေးဝေမှုအခြေအနေ၊ ရေပိုက် သွယ်တန်း မှုအခြေအနေနှင့် ရေစင် တည်ဆောက်ပြီးစီးမှု အခြေ အနေ များအား ကြည့်ရှု ခဲ့ပြီး လိုအပ်သည်များကိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်းနှင့် ဖံဖကျေးရွာ အုပ်ချုပ် ရေးမှူး ဦးကျော်စိုးတို့အား မှာကြားခဲ့သည်။

ပုံပါကျင်မြို့တွင် ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း လုပ်ငန်းကို ပုံပါကျင်မြို့ မိုင်းဟန်ကျေးရွာအုပ်စု နားကောင်းမူးကျေးရွာတွင် ယမန်နေ့နံနက် ၉ နာရီက စတင် ကောက်ယူခဲ့ကြောင်း သိရသည်။

မိုးနဲမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်‌ရေးစီမံကိန်း(VDP) ကျေးရွာရွေးချယ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ၊မိုးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ကျေးရွာရွေးချယ် ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to