အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၃၃)ဦးကို Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၃) သို့ ပို့ဆောင်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၃၃)ဦး ကို Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center (၃) သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ် မဟာသီလဝံကန်တော်ကြီး ကန်ဆယ်ယူခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ရှေးနှစ်ပေါင်းများစွာ ကတည်းက သောက်ရေကန်အဖြစ် မြို့နေလူထုမှ အားကိုးအားထားပြုလာခဲ့သည့် ဘိုကလေးမြို့၏ပြယုဂ် မဟာသီလဝံကန်တော်ကြီးသည် ပြောင်းလဲလာသည့် ရာသီဥတုနှင့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်မှု အားနည်းခြင်းတို့ကြောင့် သောက်ရေကန်ကြီးအတွင်း အမှိုက်များ တည်ရှိနေခြင်း၊ ကန်ဘောင်ပတ်လည်တွင် ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်နေမှုများ ရှိနေသည့်အတွက် ယခုနှစ် ဒီဇင်ဘာလဆန်းခန့်တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ စေတနာထား ဦးဆောင်သူများ၊ စေတနာ့လုပ်အားရှင်များနှင့် မြို့သူ/မြို့သားအလှူရှင်များ၊ ပြည်တွင်း/ပြည်ပ အလှူရှင်များ၏ စုပေါင်း လှူဒါန်းဆောင်ရွက်မှုတို့ဖြင့် ကန်အတွင်းမှ အမှိုက်သရိုက်များဆယ်ယူခြင်း၊ ကန်ဘောင် လျှောက်လမ်းမှ ခြုံနွယ်ပိတ်ပေါင်းများအား စက်ယန္တရားများဖြင့် ရှင်းလင်းခဲ့ခြင်းကြောင့် ယနေ့အချိန်တွင် ကန်ဆယ်ယူခြင်းလုပ်ငန်း၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီ ဖြစ်သည်။

အသက်(၆၀)နှစ်နှင့် အထက် Quarantine Center ဝင်ရောက်ခဲ့သူများအား လူမှုဝန်ထမ်းအစီအစဉ်ဖြင့် ထောက်ပံ့ငွေပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် Quarantine Center ဝင်ရောက်ခဲ့သူ အသက်(၆၀)နှစ်နှင့် အထက် သက်ကြီးလူနာများအား လူမှု ဝန်ထမ်းဦးစီးဌာန အစီအစဉ်ဖြင့် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးအပ်ခြင်း ကို ယနေ့ နံနက်ပိုင်းက အမှတ်(၃၈)ရပ်ကွက်တွင် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှားတောမြို့၌ မြို့နယ်အဆင့် ကျန်းမာရေးဖွံ့ဖြိုးမှုအတွက် ပူးပေါင်းဆောင်ရွက်မှုများ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့နယ်အဆင့်ကျန်းမာရေးဖွံ့ဖြိုးမှုအတွက် ဌာနဆိုင်ရာအချင်း ချင်း၊ မိတ်ဖက်အဖွဲ့ အစည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီး ဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ သည်။

ငရုတ်ကောင်းမြို့၌ ကုန်စည်ပို့ဆောင်ရေး ယာဉ်ရပ်နားစခန်း ယာယီပြောင်းရွေ့ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာထိန်းချုပ်ရေးအနေဖြင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များအား မြို့ပြင်၌ သတ်မှတ်ထားသော ယာဉ်ရပ်နားစခန်းအား ယမန်နေ့က ယာယီပြောင်းရွေ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ် ယာယီပျံကျဈေး၌ အသားငါးရောင်းချသည့် ဈေးဆိုင်များအား ရှောင်တခင်စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရမှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ပူးပေါင်းကာ ယနေ့ နံနက် ၆ နာရီခွဲက ယာယီပျံကျဈေး၌ အသားငါးရောင်းချ သည့် ဈေးဆိုင်များ အားရှောင်တခင်စစ်ဆေးခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြင်ပထွက်ခွာချိန်တိုင်း နှာခေါင်းစည်း မတပ်ဆင်သူများအား စစ်ဆေးအရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား စစ်ဆေးအရေးယူခြင်းကို ယနေ့ နံနက် ၇ နာရီက အမှတ်(၁၀၈) ရပ်ကွက် ဦးဖိုးလှိုင်လမ်းနှင့် ကနောင် မင်းသားကြီးလမ်းထောင့်ရှိ ယာယီပျံကျစျေးနှင့် အမှတ်(၅)ရပ်ကွက် ယောမင်းကြီးလမ်းရှိ ယာယီ ပျံကျစျေးတို့တွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာတစ်ဦး ထပ်မံတွေ့ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ဒုတိယမြောက် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြု လူနာတစ်ဦး ထပ်မံတွေ့ရှိကြောင်း ယမန်နေ့ ည (၈)အချိန်က သိရှိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ရုံတွင် ဆောင်ရွက်ထားသော Community Based Facility Quarantine Centre တွင် အသွားအလာကန့်သတ်ထားသူများ၏ နေ့စဉ်အာဟာရအတွက် လာရောက်လှူဒါန်းသူမရှိသည့် နေ့များတွင် စေတနာ့ဝန်ထမ်း ( Volunteer) များမှ ချက်ပြုတ်စီစဉ်ပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် သိမ်ဖြူလက်ဝှေ့ရုံတွင် ဆောင်ရွက်ထားသော Community Based Facility Quarantine Centre တွင် အသွားအလာ ကန့်သတ်ထားသူများ၏ နေ့စဉ်အာဟာရ အတွက် အလှူရှင် များမှ လာရောက်လှူဒါန်းလျက်ရှိပြီး အလှူရှင်မရှိသည့် နေ့များတွင် Quarantine Centre ရှိ စေတနာ့ ဝန်ထမ်းများကိုယ်တိုင် ချက်ပြုတ်စီမံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to