မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ်၌ ကောက်စိုက်စက်ဖြင့်နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ် ပြပွဲ ဆောင်ရွက်

သထုံခရိုင်၊ ဘီးလင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် နွေစပါး စိုက်ပျိုး ခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ဇွဲကလာကျေးရွာရှိ တောင်သူ ဦးဝင်းဦး၏ ကွင်းအမှတ် ( ၂၆၄ )၌ကျင်းပ ပြုလုပ်ခဲ့သည်။

လှိုင်မြို့နယ်၌တရားဥပဒေ စိုးမိုးရေးနှင့်နယ်မြေ အေးချမ်းလုံခြုံရေးယာဉ်ကြောပိတ်ဆို့ စစ်ဆေး ခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၄)ရပ် ကွက်ဘုရင့်​နောင်လမ်းနှင့်ဘူတာရုံလမ်း၊ အမှတ် (၁၅)ရပ်ကွက်ဘုရင့်​နောင်လမ်းနှင့်ပါရမီ မီးပွိုင့်အနီး၊ အုတ်ကျင်းဘူတာရုံလမ်းကားမှတ်တိုင်​ရှေ့၊ ဘုရင့်​နောင်လမ်းမကြီး တို့ရှိလမ်းများတွင် လှိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်း​ဌေးနှင့်အဖွဲ့ ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တာဝန်ရှိ သူများနှင့်သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း ၍ ယမန်နေ့ည(၉) နာရီက ယာဉ်ကြော ပိတ်ဆို့ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂) မန္တလေးကို တစ်ပတ်ကြာပိတ်ထားရာမှပြန်လည်ဖွင့်လှစ် ပုံမှန်အတိုင်း ဘဏ်လုပ်ငန်းများ ဆောင်ရွက်

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊၂၄လမ်းနှင့် ၈၃လမ်းထောင့်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)မန္တလေးကို တစ်ပတ်ကြာပိတ်ထားရာမှ ဒီဇင်ဘာ ၁၇ ရက်နေ့က ပြန်လည်ဖွင့်လှစ်၍ ပုံမှန်အတိုင်းဘဏ်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မြို့မ‌ ဈေးအတွင်းလိုက်လံစစ်ဆေး 

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ဈေး အကျိုးတော် ဆောင်များပူးပေါင်း၍ မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်‌ စေရန်အတွက် ယမန်နေ့နံနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

ဟိုပုံးမြို့၌ မြစိမ်းရောင်စီမံကိန်းကျေးရွာများနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာများ ရွေးချယ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ ဟိုပုံးမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် မြစိမ်းရောင် စီမံကိန်းကျေးရွာများနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာများ ရွေးချယ်ပွဲ အခမ်းအနား ကို ယနေ့နံနက် (၁၀) နာရီ အချိန်က ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရန်ကုန်-ပုသိမ်ကားလမ်းကိုဗစ်-၁၉ကျန်းမာရေးစစ်ဆေးဂိတ် နှစ်ခုတွင်ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Antigen Diagnostic Test Kit ဖြင့်စစ်ဆေး ဆောင်ရွက်နေ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းမ မိုင်တိုင်အမှတ်(၈/၅) နှင့် မိုင်တိုင်အမှတ်(၁၄/၂)ကိုဗစ်-၁၉ကျန်းမာရေးစစ်ဆေးဂိတ်နှစ်ခုတို့တွင် ကုန်စည်းစီးဆင်းမှုများ အတွက် ဖြတ်သန်းသွားလာလျက်ရှိသည့်

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်

မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းအချိန်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၂၆ ဦးရှိပြီး မြို့နယ်ကုတင် - ၁၀၀ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ Positive လူနာ ၆၄ ဦးရှိ ကာ သေဆုံးလူနာ ၃ ဦးနှင့် ကျန်းမာရေးကောင်းမွန်စွာဖြင့်ဆေးရုံမှဆင်းသူ ၃၅၉ ဦးရှိပြီဖြစ်သည်။

မဘိမ်းမြို့နယ်၊ လဝါကျေးရွာတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျောင်းဆောင်သစ် ဆောက်လုပ်ရေး လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ လဝါကျေးရွာတွင် အခြေခံပညာအ ထက်တန်း ကျောင်း(ခွဲ) ကျောင်းဆောင်သစ် ဆောက်လုပ်ရေးလုပ်ငန်းများ ကြီးကြပ်မှု ကော်မတီ ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် Mask Campaign ပြုလုပ်ခြင်းနှင့် ယာဉ်များစစ်ဆေးခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် Mask Campaign ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်ခြင်းနှင့် ယာဉ်များစစ်ဆေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့ နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြ သည်။

တန့်ယန်းမြို့နယ်တွင် အောင်တော်မူစေတီတော်မြတ်ကြီးသို့ မူလဌာပနာတော်များ ပူဇော် ပင့်ဆောင်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် အသစ် တည်ဆောက် လျက်ရှိသော အောင်တော်မူစေတီတော်မြတ်ကြီး၌ မူလဌာပနာတော်များ သွင်းလှူ ပူဇော်မည့် ဖြစ်ရာ ဌာပနာ တော်များ ပူဇော်ပင့်ဆောင်ပွဲကို ဒီဇင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီက နေမိန္ဓရကုန်းတော် အောင်တော် မူစေတီတော်မြတ်ကြီး၌ ကျင်းပသည်။
Subscribe to