တကောင်းမြို့ ရှေးဟောင်းသုတေသနပြတိုက်မှ ရှေးဟောင်းပစ္စည်းများ လာရောက်လှူဒါန်းမှု များကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြတိုက်တွင်ပစ္စည်းများ ခင်း ကျင်းပြသထားရှိ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနပြတိုက်နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ တကောင်းမြို့ ရှေးဟောင်းသုတေသနပြတိုက်မှ ရှေးဟောင်းပစ္စည်းများလာရောက် လှူဒါန်းမှုများကို လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ လှူဒါန်းပစ္စည်းများကို ပြတိုက်တွင် ခင်းကျင်းပြသထားလျက်ရှိကြောင်း သိရသည်။

မန်တုံမြို့တွင် အမျိုးသမီးနှင့်လုံခြုံရေးခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) အစီအစဉ် ဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးအဖွဲ့ (Women Club)နှင့် ပူးပေါင်ပြီး အမျိုးသမီးနှင့်လုံခြုံရေးခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) အစီအစဉ်အား ဒီဇင်ဘာလ (၁၅) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

ပင်လည်ဘူးမြို့၌ ကုန်စုံဈေးဆိုင်များတွင် သုံးစွဲရန်မသင့်သော ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိနှင့် ကျန်းမာရေးအထောက် အကူပြု ပစ္စည်းများ စျေးနှုန်းကြီးမြှင့်မှု ရှိ/မရှိစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ကာလ ဈေးဆိုင်များတွင် သုံးစွဲရန်မသင့်သော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆေးဝါးများ ရောင်းချခြင်းရှိ/မရှိနှင့် ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ စျေးနှုန်းကြီးမြှင့်မှု

ဝန်းသိုမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ နေ့စဉ်ရေသုံးစွဲနေမှုနှင့် ရေအရည်အသွေး စစ်တမ်းများ ကောက်ယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးလက် နေပြည်သူများ

မိုင်းရှူးမြို့၌ နှာခေါင်းစည်း(၅၀၀)ခုနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင် (၅၀၀)အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းနှင့် အိမ်အပြင်ထွက်လျှင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လည် (၂)နာရီအချိန်ခန့် က မြို့လယ်တံတားထိပ်နှင့် ရွှေဟင်္သာစျေးထောင့်တို့၌ Mask Campaign တစ်ရပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် ရေရှည်တည်တံ့ရေး ကြားခံကြိုးဝိုင်းနှင့် ကြိုးပြင် ကာကွယ်တောများ ထိန်းသိမ်းရန် လိုအပ်ဟုဆို

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်အတွင်း တည်ရှိသည့် အလောင်းတော် ကဿပ အမျိုးသားဥယျာဉ် ရေရှည်တည်တံ့ရေးအတွက် ၎င်းပတ်ဝန်း ကျင်ရှိ ကြားခံသစ်တောကြိုးဝိုင်းများနှင့် ကြိုးပြင်ကာကွယ် တောများကို ထိန်းသိမ်းရန ်လိုအပ်နေပြီဖြစ်ကြောင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မောင်း၏ ပြောကြားချက်အရ သိရသည်။

သိန္နီမြို့တွင် မြို့တွင်းလမ်း ကောင်းမွန်စေရေးအတွက် ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ရပ်ကွက်(၃) အတွင်းရှိ မြို့တွင်းလမ်းဖြစ်သော မဂ္ဂင်လမ်း (သူဇာလမ်းနှင့်ဂန္ဓမာလမ်းကြား)၌ ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမ(၃) လပတ် ငွေလုံးငွေရင်း ရန်ပုံငွေ(ပြည်နယ်ဘတ်ဂျက်)ဖြင့် ဆောင်ရွက် နေသည့် လုပ်ငန်းဖြစ်ပြီး ယနေ့ မွန်းလွဲ ပိုင်းက မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင် အရာရှိ ဦးညီညီမောင်ဦးဆောင်၍ တာ၀န်ခံ အင်ဂျင်နီယာ ဦးဇေယျာမင်းထွန်း၊ အငယ်တန်း အင်ဂျင်နီယာ(၂) ဒေါ်သက်ဇင်ဦးတို့ ပူးပေါင်း ပါ၀င်ကာ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

မော်လမြိုင်ကျွန်းမြို့နယ် Facility Quarantine Centre များတွင်‌ရေသုံးစွဲမှု အခက်အခဲ မရှိစေရေးအတွက် ဆောင်ရွက်

မော်လမြိုင်ကျွန်းမြို့နယ်၌ ကိုဗစ် - ၁၉ ကူးစက်ခံရသူ အတည်ပြုလူနာ (၄၁၁) ဦး စာရင်းရှိပြီ ဖြစ်သော်လည်း မြို့နယ်ကုတင် (၁ဝဝ) ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံ (အရန်ဆေးရုံ) တို့တွင် ကုသဆဲ အတည်ပြုလူနာ (၅၂) ဦးသာ ကျန်ရှိပါသည်။ ကျန်းမာရေး ကောင်းမွန်စွာ ဆေးရုံဆင်းသူ စုစုပေါင်း (၃၅၆) ဦးနှင့် သေဆုံးသူအတည်ပြုလူနာ (၃) ဦးဖြစ်သည်။

ရမည်းသင်းမြို့နယ် လက်ဆည်ကန်ကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းမပေါ်၌ ဆီဘောက်ဆာကားတိမ်းမှောက်

ရမည်းသင်းမြို့နယ်၊ လက်ဆည်ကန်ကျေးရွာအနီး ရွာတန်း-ရွှေမြင်တင်လမ်းဆုံ ရန်ကုန်-မန္တလေး ကားလမ်းမပေါ်၌ ယနေ့နံနက် ၉ နာရီခန့်က ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
Subscribe to