ဗန်းမောက်မြို့နယ်တွင် နှာခေါင်းစည်းများတပ်ဆင်ရေး Mask Campaign လူထုလှုပ်ရှားမှု ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့်ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး အသိပေး နှိုးဆော်ခြင်းနှင့် လူထုလုပ်ရှားမှု (Mask Campaign)ကို ယမန်နေ့နံနက်ပိုင်းက မြို့မ စည်ပင်သာယာရေး စျေးအတွင်းအပြင်နှင့် လူစည်ကားရာ ဗိုလ်ချုပ်လမ်းမတစ်လျှောက်၌ နှာခေါင်းစည်း (Mask) အခမဲ့ဝေငှခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။