မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်မည့် ကညင်ကောက်၊ ကျုံတနီးတာကွေ့၊ ဆောက်သေနှင့် ကလော်ကုန်းကျေးရွာ ၄ ရွာအား ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့သည်။