ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ မီးသတ်တပ်ဖွဲ့စခန်းမှ ပြည်သူများမီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့က အမှတ် (၁၊ ၂၊ ၃) ရပ်ကွက်အတွင်း ဆောင်ရွက်သည်။

ကချင်ပြည်နယ်၌ လေကြောင်းလိုင်းများ စတင်ပြေးဆွဲ

ကချင်ပြည်နယ်၌ ကိုဗစ်- ၁၉ ရောဂါအခြေအနေကြောင့် ယာယီပိတ်ထားခဲ့သည့် လေကြောင်း လိုင်းများအား ဒီဇင်ဘာ ၁၇ ရက်မှစ၍ တစ်ပတ်လျှင် (၃) ရက်ခန့် ပြန်လည် ပြေးဆွဲတော့မည် ဖြစ်ကြောင်းနှင့် ရန်ကုန် - မန္တလေး - မြစ်ကြီးနား ခရီးစဉ် များသို့ အဓိကထား ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်းမှ သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အသွားအလာကန့်သတ်ထားသူများအတွက် ထောက်ပံ့

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာကန့်သတ်ထားသူများကို ဂန့်ဂေါ မြို့နယ်တွင် စက်မှုလက်မှု သိပ္ပံ(ဂန့်ဂေါ) ၊ အထက ဂန့်ဂေါ၊ မြို့မ အမက တို့တွင် ထားရှိရာ ယနေ့အထိ စုစုပေါင်း ၁၃၇ ဦးရှိနေရာ စေတနာရှင် များက ငွေကြေးထောက်ပံ့မှုအပြင် ဆန်၊ ဆီ၊ စားဖွယ်များ ဟင်းသီးဟင်းရွက်များ ထောက်ပံ့လျက်ရှိကြောင်း သိရသည်။

သန်လျင် အထွေထွေရောဂါကုဆေးရုံကြီးသို့ ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ Betagro(Myanmar)Co.Ltd မှ ဆေးရုံသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အဆိုပါဆေးရုံကြီး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

တမူးမြို့ရှိ ဆေးနှင့်ဆေးပစ္စည်းအ​ ရောင်းဆိုင်များနှင့် ကုန်စုံဆိုင်များတွင် သက်တမ်းလွန် ဆေးဝါးများ၊ သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချမှု ရှိ /မရှိ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များနှင့် ကုန်စုံ ဆိုင်များတွင် သက်တမ်းလွန် ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချမှု ရှိ/မရှိကို ယနေ့နံနက် (၉) နာရီခွဲက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ပြောင်းစိုက်ခင်းများတွင် ကျရောက်တတ်သော ဖောငမြှောင်တောင် ပိုးဖလံများကို သဘာဝနည်းလမ်းများဖြင့် ကာကွယ်ခြင်းကွင်းသရုပ်ပြဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ပေါက်ခေါင်းမြို့နယ်ရှိ စိုက်ခင်းများတွင် ကျရောက်ဖျက်ဆီးတတ်သော ဖောငမြှောင် တောင် ပိုးဖလံများကို နှိမ်နင်းရာတွင် ဓာတုပိုးသတ်ဆေးဝါးများ အသုံးမပြုဘဲ သဘာဝနည်းများဖြင့် နှိမ်နင်းကာကွယ် ခြင်း တောင်သူကွင်းသရုပ်ပြပွဲကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက လက်တွေ့ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့တွင် နေအိမ်ပြင်ပထွက်သူတိုင်း Mask တပ်ဆင်မှုရှိစေရေး နေ့စဉ်စစ်ဆေးလျက်ရှိ

နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် နေအိမ်ပြင်ပ ထွက်သူတိုင်း Mask တပ်ဆင်ရေး စစ်ဆေးကြပ်မတ်ခြင်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက စည်ပင်သာယာ မြို့မဈေးတွင် စည်ပင်ကော်မတီနှင့် ဈေးရုံးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ခန္တီးမြို့နယ်၊ ပေါမိုင်းအုပ်စု သာစည်တွင် မိုးစပါးအပြီး ဆောင်းမြေပဲ သီးထပ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ပေါမိုင်းအုပ်စု၊ သာစည်တွင် မိုးစပါးအပြီးဆောင်းမြေပဲ (ဆင်းပဒေသာ-၁၁) သီးထပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ခရိုင်၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက တောင်သူဦးသန်းဆောင်၏ ကွင်းအမှတ် (၄)၊ ဦးပိုင်အမှတ် (၂၀)၊ စိုက်ဧက(၂) တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အသိပညာပေး ကွင်းဆင်းဆောင်ရွက်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ ယနေ့နံနက် (၁၀) နာရီအချိန် က ဟိုပန်မြို့ကောင်းဟုန်းရပ်ကွက်၊ မန်မိုင်ရပ်ကွက်တို့တွင် အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်သည်။
Subscribe to