ဟားခါးမြို့ Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁) ဦးတို့တွင် ကိုဗစ်-၁၉ ​ရောဂါပိုးထပ်မံတွေ့ရှိ

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၊ ခရီးသည် များအား Swab နမူနာ စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များကို မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများအား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ သီးသန့်မော်တော်ယာဉ်ဖြင့် ဟားခါးမြို့ Facility Quarantine များတွင်ထားရှိပြီး Swab နမူနာစစ်ဆေးခြင်းကို ဆောင်ရွက် လျက်ရှိရာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင် ကိုဗစ်-၁၉ ​ရောဂါပိုး ထပ်မံတွေ့ရှိသဖြင့် ဟားခါးမြို့ တိုင်းရင်းဆေးရုံတွင် ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်မှုရှိစေရေးအတွက် Mask Campaign ကို နေ့စဉ်ဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှု ရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီတာဝန်ရှိသူများက Mask Campaign များကို နေ့စဉ် ရပ်ကွက်များ၊ စျေးများ၊ လမ်းများအလိုက် ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အမှတ် ၆ ရပ်ကွက် ကျန်စစ်သားလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ အမှတ် ၂ ရပ်ကွက် စပ်စံထွန်းလမ်းနှင့် ညောင်းဦးဖီးလမ်းဆုံတို့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နမ္မတူမြို့နယ် မန်စံကျေးရွာနှင့် ပန်ချင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများအား ဆန်ဖိုးရိက္ခာငွေများ ထောက်ပံ့ပေးအပ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်၊ မန်စံကျေးရွာနှင့် ပန်ချင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန်ဖိုးရိက္ခာငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နေ့လည် (၁)နာရီအချိန် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မန်စံကျေးရွာရှိ ရွှေစကားဝါမြေ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အင်ဂျန်းယန်၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်မေရီမီနန်နှင့် အဖွဲ့သည် ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၆၀)ဖြင့် မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်နယ် ရွေးကောက်ပွဲ အရာရှိ ဦးထွန်းအောင်ခိုင်က မြို့နယ်ရုံးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ မဲရုံသုံးပစ္စည်းထိန်းသိမ်းထားရှိမှု အခြေအနေများနှင့် ရုံးဆောက်လုပ်မည့် မြေနေရာအား စစ်ဆေးတိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံချက်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းတို့ကို ယမန်နေ့က လမ်းဆုံကျေးရွာနှင့် ဟိုဂျစ်ကျေးရွာတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Mask and Face Shield Campaign ကို ယမန်နေ့ နံနက်ပိုင်းအချိန်က စံပြ ဖ.ဆ.ပ.လ ရပ်ကွက်အတွင်းရှိ ဖ.ဆ.ပ.လ စျေးအတွင်း တာဝန်ရှိ သူများက လိုက်လံဆောင်ရွက်ပေးခဲ့ကြသည်။

တနိုင်းမြို့နယ်၌ kg တန်းမှ စတုတ္ထတန်းအထိ အာဟာရမုန့်များ ဖြန့်ဝေပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ kg တန်းမှ စတုတ္တတန်းအထိ အာဟာရမုန့်များ ဖြန့်ဝေပေးမှုကို ယမန်နေ့ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း၌ ဖြန့်ဝေပေးခဲ့ကြသည်။

ခိုင်ကမ်းမြို့ရုံး လူထုအခြေပြုဗဟိုဌာနတွင် လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာ Talk Show ပြုလုပ်

ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့လျှပ်စစ်ဌာနနှင့် ပူးပေါင်းကာ လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာ Talk show ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကျေးရွာများအတွင်း ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများကို အရှိန်အဟုန်အမြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ထန်းတပင် မြို့နယ် ကျေးရွာများအတွင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ရေးဆိုင်ရာ မြို့အဆင့် ကော်မတီအစည်းအဝေးပြုလုပ်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ ပြုလုပ်သည်။
Subscribe to