ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိထားသူနှင့် ထိတွေ့ဆက်စပ်ခဲ့သော ယာဉ်နောက်လိုက်(၁)ဦးကို Quarantine ဝင်ရောက်ရန် ထောက်ကြန့်တိုးဂိတ်ဟောင်းမှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI)Quarantine Center(၃) သို့ ပို့ဆောင်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးဂိတ်ဟောင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိထားသူနှင့် ထိတွေ့ဆက်စပ်ခဲ့သော ယာဉ်နောက်လိုက်(၁)ဦးကို Quarantine ဝင်ရောက်ရန် အတွက် ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက သွားရောက်ခေါ်ဆောင်၍ အင်းစိန်(GTI) Quarantine Center(၃)ပို့ ဆောင်ပေးခဲ့ ကြောင်း သိရသည်။