အမြို့မြို့အနယ်နယ်သတင်းများ

Jan 12,2021
Chinese Enterprise Chamber of Commerce in Myanmar (CECCM) ဥက္ကဋ္ဌ Mr.Liu Ying နှင့် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Hubei ပြည်နယ်နှင့် မြန်မာနိုင်ငံတို့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုမြှင့် တင်ရန်အတွက် Hubei-Myanmar Business Promotion Conference ကျင်းပရေးနှင့် စပ်လျဉ်း၍ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကုန်သည် စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် တာဝန်ရှိသူများအား Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Jan 12,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ငွေစာရင်းဆိုင်ရာထိန်းသိမ်းနည်းသင်တန်းကို ကိုဗစ်-၁၉ လမ်းညွှန်ချက်များ အတိုင်း Virtual စနစ်ဖြင့် ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ခရိုင်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားလျက် ရှိကြောင်း သိရသည်။
Jan 12,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် စည်ပင်သာယာ​ရေး​ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကမ်းနားလမ်းမကြီးဘေး သာဓု အနောက်ရပ်ကွက်ဘက်ခြမ်း ရေစီးမြောင်း ရေစီးရေလာ ကောင်းမွန်ရေး အမှိုက်၊ နုံးများ ဆယ်ယူရှင်းလင်းခြင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရခွင့်ပြု မှုဖြင့် သာဓု အရှေ့နိဗ္ဗာန်လမ်းရှိ ရေမြောင်းဖုံးပါ ရေမြောင်းသစ် အကောင် အထည်ဖော်ဆောင်ရွက် နေသည့် လုပ်ငန်းအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။
Jan 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့၌ မြို့မစျေးငွေစု/ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးအား ယနေ့နံနက်(၁၀)နာရီ အချိန်ခန့်က ငွေစု/ငွေချေးသမဝါယအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 12,2021
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် နောင်ကိုင်း ကျေးရွာ အုပ်စု၊ နောင်ကိုင်းကျေးရွာ ရွာတွင်းဂဝံ မြေသားလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျေးရွာ ကော်မတီဝင်များဦးဆောင်၍ စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 12,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ကျောင်စုကျေးရွာရှိ ဒေသခံ ကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းအရှည်ပေ ၂၀၀၀ မြေနီ ကျောက်စရစ်လမ်းအား အဆင့်မြှင့်တင် ဖောက်လုပ်ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၂ ရက် ၊ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
Jan 12,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၏ ဂုတ်ထိပ်တံတားအနီးတွင် မြန်မာနိုင်ငံ၏ ပထမဆုံးဖြစ်လာမည့် မှန်တံတားကို တည်ဆောက်တော့မည်ဖြစ်ကြောင်း သိရသည်။