အမြို့မြို့အနယ်နယ်သတင်းများ

Jan 12,2021
ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၁)ဉီးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဉက္ကဋ္ဌ ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယနေ့ နံနက်(၁၁)နာရီ အချိန်က လားရှိုးမြို့သို့ ဆက်လက် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Jan 12,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးများ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးခြင်းနှင့် ဈေးများအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိမရှိ စစ်ဆေး၍ Mask တပ်ဆင်မှု မရှိသူများ ကို mask များအား ယနေ့နံနက်က အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
Jan 12,2021
မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့၌ ဓာတ်ခွဲအဖြေရရှိမှု ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၄၂) ဦးရှိကြောင်း ထုတ်ပြန်ခဲ့သည်။
Jan 12,2021
ခရိုင်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မင်းတပ်တက္ကသိုလ် ပေါင်းစုတည်ဆောက်ရေး လုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် သွားရောက်ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။
Jan 12,2021
ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောက်လုပ်သော မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ အမက(၁၀) မူလွန် ကျောင်းရှိ တစ်ထပ်ကျောင်းဆောင်(၇၅)ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးမှုအခြေအနေအား ယမန်နေ့ ညနေပိုင်း က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 12,2021
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ကော့ခိုက်ကျေးရွာအုပ်စုတွင် တစ်ပိုင်တစ်နိုင် မေမြို့ပန်း စိုက်ပျိုးရောင်းချသူများ ပုံမှန် ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Jan 12,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သ​ပြေချောင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းအနီးတွင် ယနေ့နံနက် ၄ နာရီ၁၅ မိနစ်အချိန်ခန့်က နေအိမ်(၁)လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။