အမြို့မြို့အနယ်နယ်သတင်းများ

Jan 12,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေ သည့် ကာလအတွင်း မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက်မှု မရှိစေရန်နှင့် အထွက်နှုန်းကောင်းသော စပါးများ စိုက်ပျိုးနိုင်စေရန် ကိုဗစ်-၁၉စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်း ဧက (၁၀၀) စိုက်ပျိုးဆောင်ရွက်ခဲ့ရာ အထွက်နှုန်း ကောင်းမွန်ကာ တောင်သူများ အတွက် အကျိုးဖြစ်ထွန်းခဲ့ကြောင်း သိရသည်။
Jan 12,2021
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျန်းမာရေးဦးစီးဌာန ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၆၉.၀၀)ဖြင့်ဆောင်ရွက်သည့် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားကို မင်းလည်ကျေးရွာရှိ အဆိုပါ အဆောက်အဦသစ်ရှေ့၌ ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jan 12,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ ပရဟိတအသင်း (၃၁)သင်းအား PPE ဝတ်စုံများ၊ နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Jan 12,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပညာရေးကဏ္ဍ တိုးတက်စေရန်ရည်ရွယ်ပြီး ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ကွီးလေးကျေးရွာအုပ်စု ကမားထကျေးရွာ အခြေခံပညာမူလတန်းကျောင်း၏ ဆရာ၊ ဆရာမများ နေထိုင်ရန်အတွက် တန်ဖိုးနည်းဝန်ထမ်းအိမ်ယာ တည်ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 12,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်ခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေး အရေးယူခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့နယ် အတွင်းရှိ (၄၁)ရပ်ကွက်၊ (၄၁)စျေးတွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဌာနဆိုင်ရာ များ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
Jan 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၂) ရပ်ကွက်၊ ယုဇနမြို့တော်မုခ်ဦးအနီး  ပဲခူးမြစ်လမ်းမကြီးနှင့်ကျွန်းရွှေဝါလမ်းထောင့်ရှိ မြေကွက်လပ်ပေါ် တွင် မြို့နယ်ခန်းမဆောက်လုပ်ရန်အတွက် ယနေ့နံနက် (၀၇:၃၀)အချိန်က ပန္နက်တင် မင်္ဂလာ အခမ်းအနားကျင်းပ ပြုလုပ်ကြောင်း သိရသည်။
Jan 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား  စစ်ဆေးအရေးယူ ခြင်းကို ယနေ့နံနက်ပိုင်းက  အမှတ်(၁၀၈)ရပ်ကွက် ဦးဖိုးလှိုင်လမ်း ညနေခင်းစျေးတွင်  မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးအရေးယူမှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။