အမြို့မြို့အနယ်နယ်သတင်းများ

Jan 11,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းမှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စွာ လည်ပတ်နိုင်ရေးအတွက် ဆွေးနွေးပွဲကို သစ်တပ်ကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာရှိ အလင်းပန်း စာကြည့်တိုက် အတွင်း၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
Jan 11,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ (၇၄)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိ နိုင်ရေးအတွက် ယနေ့မွန်းလွဲ (၂)နာရီ အချိန်က လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
Jan 11,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်မည့် အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 11,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်အတွင်း ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်​ပေါ်​စေရန် အတွက် မြို့နယ်မီးသတ်ဦးစီးဌာမှ မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိ သူများက ယ​နေ့နံနက် ၉ နာရီခန့်က ကဒါ​ကျေးရွာအုပ်စု ရဲမွန်ရွာရှိ ကံ​ကောင်းခြင်းရတနာ​ ရာဘာအထပ်သားစက်ရုံ၏ မီး​ဘေးလုံခြုံ​ရေးအတွက် ​ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု များအား ကွင်းဆင်း စစ်​ဆေးခဲ့ကြ​ကြောင်း သိရသည်။
Jan 11,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့ နေ့လယ် (၁)နာရီအချိန်က ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများအား Gaia Organization (ဝိုင်ယာအဖွဲ့)နှင့် စစ်တောင်းသံစဉ် လူမှုကွန်ယက်အဖွဲ့တို့မှ အသံချဲ့စက်(၁၅)စုံ လှူဒါန်းခဲ့ သည်။
Jan 11,2021
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသသည် ကွမ်းသီးများကို စီးပွားရေးအဖြစ် အဓိကထား၍ စိုက်ပျိုးကြပြီး ယခုနှစ်တွင်ယမန်နှစ်များကထက် ကွမ်းသီးထွက်ရှိမှုပိုများကာ အများဆုံးထွက်သော နှစ်တစ်နှစ်ဖြစ်ကြောင်း သိရပါသည်။
Jan 11,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ ချပြရှင်းလင်းခြင်းကို ယနေ့နံနက် (၁၀:၃၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
Jan 11,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေနှင့် အညီ ဆောင်ရွက်မည့် လုပ်ငန်းစဉ်သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် သီရိမင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။