အမြို့မြို့အနယ်နယ်သတင်းများ

Jan 12,2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်သော အသိပညာပေး Yellow Campaign ကို ပြည်သူများ ပိုမိုသတိချပ်လိုက်နာနိုင်အောင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ကျယ်ကျယ် ပြန့်ပြန့် နှိုးဆော်လျက်ရှိသည်။
Jan 12,2021
​ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းမှ ပဲခူးခရိုင်၊​ ကျောက်တံခါးမြို့နယ်သို့ ယမန်​နေ့က ကျန်းမာ​ရေး သုံးပစ္စည်းများ လာ​ရောက်၍ လှူဒါန်းခဲ့​ကြောင်း သိရသည်။
Jan 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့မှ ရန်ကုန်တိုင်းဒေသအတွင်းရှိ ကိုဗစ်-၁၉ ကုသရေးဌာန၊ ရန်ကုန်ဖောင်ကြီးစင်တာသို့ (၃.၁၂.၂၀၂၀ မှ ၁၀.၁.၂၀၂၁) ရက်နေ့ထိ စေတနာ့ ဝန်ထမ်းအဖြစ် တာဝန်ပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသော စေတနာ့လုပ်အားရှင် ကျန်းမာရေး ဝန်ထမ်းများဖြစ်သည့် ကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံမှ သူနာပြု စိုင်းရွက်ခေးနှင့် မိုင်းနောင်တိုက်နယ်ဆေးရုံမှ သူနာပြု နန်းခမ်းဝမ်း၊ နန်းဆိုင်မွမ်းတို့အား ယမန်နေ့ ညနေ (၅)နာရီ အချိန်က လဲချား၊ မိုင်းနောင်၊ ကျေးသီး လမ်းဆုံတွင် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
Jan 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဆောင်းနှင်းဖြူဖြူနှင့် ဝန်ထမ်းများသည် မြို့မအုပ်စုအတွင်းရှိ ရပ်ကွက်အချို့တွင် ရပ်ကွက်အုပ်ချူပ်ရေးမှူး ရုံးများ၌ ခွေး၊ ကြောင်တိရိစ္ဆာန်များအား ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
Jan 11,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဗဟုသုတတိုးပွားလာသည့်အတွက် ဆေးရုံ၊ ဆေးခန်းများ၌ လာရောက်မွေးဖွားလာမှုမှာ ၇၇ ရာခိုင်နှုန်း တိုးမြှင့်လာကြောင်း နောင်တရားမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးက ပြောကြားခဲ့သည်။
Jan 11,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အဝင်၌ ယနေ့ နံနက်ပိုင်းတွင် နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေး အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။
Jan 11,2021
သာစည်မြို့နယ်တွင်  ယမန်နေ့က လယ်ခေါင်းကျေးရွာအရှေ့ဘက် တစ်မိုင်ခန့် ရွာအဝင်လမ်းတွင်တစ်လုံးထိုး ထော်လာဂျီယာဉ်ဘရိတ်ပေါက်ရာမှ ၁၅ ပေခန့်ရှိ ချောက်ထဲ သို့ ထိုးကျကာ  ယာဉ်ပေါ် လိုက်ပါလာသူနှစ်ဦးသေဆုံးကြောင်းသိရသည်။