Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆောမြို့၏ ရှေးဟောင်းမြို့နာမ်ဘုရားအား ရှေးမူမပျက် ပြုပြင်မွမ်းမံ
Jan 12,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့ သီရိဥတ္တရာ ရာမကျောင်းဝင်းအတွင်းရှိ မြို့၏ ကျက်သရေ ဆောင် ပြည်လုံး ချမ်းသာရှေးဟောင်း မြို့နာမ်ဘုရားကို သီရိဥတ္တရာ ရာမကျောင်းဆရာတော် ဘဒ္ဒန္တ ဦးဉာဏိန္ဒက ကျပ်သိန်း (၂၀၀) မတည်လျက် မြို့နာမ်စေတီတော်နှင့် အရံစေတီတော် (၉) ဆူတို့အား အသစ်တဖန်မွမ်းမံ ပြင်ဆင်ခြင်းကို ယခုလ (၁) ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်နည်းဥပဒေအား ထပ်ဆင့်အသိပညာပေး ရှင်းလင်းပွဲကျင်းပ
Jan 12,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေး နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေအား ထပ်ဆင့် အသိပညာပေးရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့တွင် အမှတ်(၈)လမ်းအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်
Jan 12,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ရည်ရွယ်၍ မင်းလှမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရုံးရပ်ကွက် မြောက်ပိုင်းရပ်ကွက်ရှိ အမှတ် (၈) လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးခရိုင် ကုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီးတွင် သုံးမွှာပူးမွေးဖွားသူ မိခင်အား ထောက်ပံ့ပေးနိုင်ရန် အချက်အလက်စာရင်းကောက်
Jan 12,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ကုတင်-၂၀၀ ပြည်သူ့ဆေးရုံကြီး၌ သားယောကျ်ားလေး ၃ ဦး မွေးဖွားခဲ့သည့် မိခင်နှင့် ကလေးများအတွက် လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ပေးနိုင်ရန် လိုအပ်သည့်စာရွက်စာတမ်းများ ဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်းစီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထီးလင်း၌ မြို့မ စည်ပင်သာယာဈေး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်
Jan 12,2021
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြို့မစည်ပင်သာယာဈေး ပတ်ဝန်းကျင်၌ မီးဘေးလုံခြုံရေးနှင့်အတူ သန့်ရှင်းသာယာ လှပရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ယမန်နေ့ နေ့လယ်ပိုင်းတွင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖလမ်းမြို့၌ လူနေအိမ်(၆)လုံး မီးလောင်မှုဖြစ်ပွား ၊ အမျိုးသမီး(၂)ဦးသေဆုံး
Jan 12,2021
ဖလမ်းမြို့၊ ဗိုလ်ချုပ်လမ်း၌ ယနေ့နံနက် ၄ နာရီ ၁၀ မီနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၆)လုံး မီးလောင်ပျက်စီးပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်းသတင်းရရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်နေသည့် Saving Mahlaing ပရဟိတအဖွဲ့အား ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့
Jan 12,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက မြို့နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများတွင် ကူညီပါဝင် ဆောင်ရွက်ပေးနေသော Saving Mahlaing ပရဟိတအဖွဲ့ကို ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေး ခန်းမ၌ ကိုဗစ်-၁၉ ရောဂါညွှန်ကြားချက်များနှင့် အညီ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်တွင် တစ်ရက်အတွင်း ပိုးတွေ့လူနာ (၁၄) ဦးအထိ စံချိန်တင်တွေ့ရှိ
Jan 12,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ယမန်နေ့က RDT Test Kit ဖြင့် စစ်ဆေးသည့် ယာဉ်နောက်လိုက်(၁)ဦးနှင့် အနံ့မရသဖြင့် ဆေးရုံတက်ရောက် ကုသနေသူ (၁၂) ဦးအပါအဝင် တစ်ရက်အတွင်း ပိုးတွေ့လူနာ (၁၄)ဦး စံချိန်တင်တွေ့ရှိခဲ့ပြီး၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်လုပ် ဆောင်ရန်လိုအပ်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27781
Page
27782
Page
27783
Page
27784
Current page
27785
Page
27786
Page
27787
Page
27788
Page
27789
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department