အမြို့မြို့အနယ်နယ်သတင်းများ

Jan 11,2021
၂၀၂၀ ပြည့်နှစ်အတွင်းက ရေကြီးရေလျှံမှု (၃)ကြိမ်ဖြစ်ပေါ်ခဲ့သော ဖားကန့်မြို့နယ်၊ ဝါရာဇွတ် ကျေးရွာအုပ်စု၊ မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွတ်ကျေးရွာအတွင်းမှ ဖြတ်သန်းစီးဆင်း သွားသည့် မိုးကောင်း ချောင်းအား မိုးရာသီတွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ရှင်းလင်းရေး လုပ်ငန်းကို ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ထွန်းရတနာစိမ်းကုမ္ပဏီမှ အပိုင်း(၄)ပိုင်းဖြင့် တာဝန်ယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Jan 11,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း(၁၀၀)အထက် လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာ ဖွင့်ဖောက် စစ်ဆေးသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း က နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jan 11,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် အစိုးရသက်တမ်း ငါးနှစ်အတွက် တာဝန်ထမ်းဆောင်ရန် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်များ ခန့်အပ်နိုင်ရေး အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းအသိပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
Jan 11,2021
ထိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မြင့်တက်လျှက်ရှိသဖြင့် မြန်မာ-ထိုင်း ကော့သောင်း ရနောင်း နယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကျပ်မှုများ ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ကုန်ပစ္စည်းများပို့ဆောင်ရန် တရားဝင်ခွင့်ပြုချက်မရှိ သွားရောက်ခဲ့သည့် မြန်မာပိုင် ပဲ့ချိတ်လှေ တစ်စီးအား ထိုင်းတပ်မတော်(ရေ)မှ တားဆီးအရေးယူခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jan 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဝန်ထမ်း အိမ်ရာ (၄) ခန်းတွဲ နှစ်ထပ်ဆောင် ဆောက်လုပ်ရန် ပန္နက်ချပွဲကို ယနေ့ နံနက် ၇ နာရီက ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့်နေရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 11,2021
မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းကျေးရွာအုပ်စု့ (၉၂)အိမ်ယာတွင် အလျား(၁၇၂၀)ပေရှိသော (နံ့သာလမ်း) နိဗ္ဗာန်လမ်းမကြီး တ​လျှောက် ကိုယ့်အားကိုယ့်ကိုး ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းသည် ယနေ့ နေလယ်ပိုင်း၌ ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
Jan 11,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့အတွင်း "ခွေးရူးရောဂါကင်းစင်မြန်ပြည်တစ်ခွင် ၂၀၃၀ တွင်" ရည်မှန်းချက်ဖြင့် မြန်မာနိုင်ငံ ခွေးရူးရောဂါ ကင်းစင်ရေး၊ ရောဂါကာကွယ် စောင့်ရှောက်ရေး စီမံချက်ကို အကောင်အထည်ဖော်သည့် အနေဖြင့် ခွေးရူးရောဂါ ကာကွယ်ဆေးကို လမိုင်းမြို့ မွေးမြူရေးနှင့် ကုသရေးဝန်ကြီးဌာနမှ တာဝန်ခံဦးယမင်းက ယနေ့နံနက်ပိုင်းမှ စတင်၍ အိမ်တိုင်ရာ ရောက် အခမဲ့လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 11,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်​ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။