Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မတ္တရာမြို့ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်း(၄)ဦး၌ ရောဂါ ပိုးတွေ့ရှိ
Jan 09,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ပြန့်ပွားမှု မရှိစေရေးအတွက် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Test Kitဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ယာဉ်မောင်းအမျိုးသား(၄)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့၍ Quarantine ထားသည့် နေရာများအား ပိုးသတ်ဆေးဖျန်း
Jan 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ်(၃)ရပ်ကွက်ရှိ Quarantine Centre ၌ ဇန်နဝါရီလ ၆ ရက် ညနေပိုင်းက Quarantine ထားရှိသူများအား တို့ပတ်ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ပြီး မန္တလေးမြို့ ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ကျန်းမာရေးစစ်ဆေးချက်အရ ရှင်သာမဏေ တစ်ပါးနှင့် အမျိုးသမီးတစ်ဦးထံ မှ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့နယ် ထီးချားရားကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) တည်ဆောက်နေမှုနှင့် မဲပလက်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနအတွင်း ဆေးခန်း၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်နေ…
Jan 09,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီး ဌာန ခွင့်ပြုရန်ပုံငွေ ၉၇ ဒဿမ ၂ ကျပ်သန်းဖြင့် ဟိန်းသီရိမွန်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသော မြဝတီမြို့နယ် ထီးချားရားကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ တည်ဆောက်နေမှုကို ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် ၊ မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးမှုကော်မတီတို့က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့ ဇော်ဟဲကျေးရွာနေ ကျေးလက်နေပြည်သူများ နွေရာသီတွင် ရေရှားပါးမှု ကင်းဝေးရန် စိမ့်စမ်းရေ ရရှိရေးဆောင်ရွက်
Jan 09,2021
ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် ရန်ကုတ်ကျေးရွာအုပ်စု ဇော်ဟဲကျေးရွာရှိ ကျေးလက်နေ ပြည်သူများ နွေရာသီ တွင် ရေရှားပါးမှု ကင်းဝေပြီး စိမ့်စမ်းရေရရှိစေရန် ရေပိုက်သွယ်တန်းခြင်းနှင့် ရေလှောင်ကန် တည်ဆောက်ခြင်း လုပ်ငန်း များကို ဇန်နဝါရီလ ၅ ရက်နေ့မှ စတင်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့ တိုင်းရင်းဆေးရုံတွင် တက်ရောက်ဆေးကုသလျက်ရှိသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ များအတွက် သောက်ရေသန့်များနှင့် ကျန်းမာရေးသုံးပစ္စည်းများလှူဒါန်း
Jan 09,2021
ဟားခါးမြို့ တိုင်းရင်းဆေးရုံတွင် တက်ရောက်ဆေးကုသလျက်ရှိသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ များအတွက် ယနေ့ နေ့လယ် ၁ နာရီအချိန်က ချင်းပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ တပ်ဖွဲမှူး ဦးကျုံဟူး ဦးဆောင်သော တပ်ဖွဲ့ဝင်များ က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန် ရည်ရွယ်၍ လုပ်ငန်းစဉ်(၃)ရပ်နှင့်အညီ သောက်ရေသန့်များနှင့် ကျန်းမာ ရေးသုံးပစ္စည်းများလှူဒါန်းပေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများကို ထုတ်ချေးပေးလျက်ရှိ
Jan 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ တောင်ခွင်ကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများကို အိမ်အရောက် ထုတ်ချေးပေးလျက်ရှိကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ တွေ့ဆုံပွဲ ထန်ပါခွေမြို့၌ကျင်းပ
Jan 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယနေ့ နံနက် (၉)နာရီ အချိန်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်း များ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ စာရေးဝန်ထမ်း(၂၃)ဦးတို့အား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း ဖွင့်လှစ်ပို့ချပေး
Jan 09,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား လုပ်ငန်းအရည်အသွေး၊ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်ချက်တို့ဖြင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သင်တန်းခန်းမ၌ ဇန်နဝါရီ ၅ ရက်နေ့မှ စတင်၍ ဇန်နဝါရီ ၉ ရက်နေ့ထိ (၅)ရက်တာ ဖွင့်လှစ် သင်ကြား ပို့ချပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27801
Page
27802
Page
27803
Page
27804
Current page
27805
Page
27806
Page
27807
Page
27808
Page
27809
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department