အမြို့မြို့အနယ်နယ်သတင်းများ

Jan 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း မြို့နယ်အတွင်းရှိ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်စေရေး၊ မိမိတို့နေအိမ်မှ ကွာဝေးသော စျေးများသို့ သွားရောက်ဝယ်ယူခြင်း မပြုသည့် အတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ အထိုက်အလျောက် ကာကွယ်နိုင်ရေး၊ သန့်ရှင်း လတ်ဆတ်သော သား/ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများအား ပြည်သူများ နေထိုင်ရာ ရပ်ကွက်များအတွင်း ဝယ်ယူရရှိနိုင်စေရေး စသည့်
Jan 09,2021
ဧရာဝတီတိုင်း​ဒေသကြီး၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀ - ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အရည်အသွေးပြည့်မီရေးကို စည်ပင်သာယာရေးကော်မတီ၊ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
Jan 09,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပညာရေး(ဂျီအီစီ) သမဝါယမအသင်းလီမိတက်၏ ၂ဝ၁၉ - ၂ဝ၂ဝ ဘဏ္ဍာနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းဝေးနှင့် အမှုဆောင်သစ်ရွေးချယ် တင်မြှောက်ပွဲကို ယမန်နေ့က မြို့နယ်ပညာ ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ အမြင့်စိုက်ပျိုးရေး နည်းပညာပြန့်ပွားရေး စင်တာနယ်မြေတွင် လယ်သီးထပ်ဆောင်းသီးနှံ စိုက်ကွင်းများတွင် မြေဆီလွှာ အာဟာရဓာတ်များ တိုးတက်လာစေရန် EM ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ဆူးလေကုန်းကျေးရွာအုပ်စု၊ တောင်အင်း ကျေးရွာ၌ လက်တွေ့သရုပ်ပြသခဲ့ ကြောင်း သိရသည်။
Jan 09,2021
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ကျေးရွာများပါမကျန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေ ရေးအတွက် ဆောင်ရွက် နေလျက်ရှိရာ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်၊ ဘားအံမြို့နယ် ဇွဲကပင်တောင် အရှေ့ဘက်ခြမ်း တောင်ခြေ အဝင်လမ်းကို လမ်းအကျယ်တိုးချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
Jan 09,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုမရှိစေရန်နှင့် တောင်သူသီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး အတွက် ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမျိုးစေ့ထုတ်စိုက်ခင်းများ ရိတ်သိမ်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။