အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2021
မြန်မာနိုင်ငံဒေသအသီးသီးတွင် တောတောင်ရေမြေအလှများ စွာရှိသလို ရာသီအလိုက် သဘာဝကပေးသည့် အလှများလည်း တိုင်းဒေသကြီး နှင့် ပြည်နယ် များတွင် ရှိကြသည်။ အထူးသဖြင့် ယခုလို ချမ်းအေးလှသည့် ဆောင်းရာသီကာလများတွင် ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်များတွင် ရှု့မညီးသည့် သဘာဝအလှအပများကို ကြည့်ရှူ့ခံစားကြရမည်ဖြစ်ပေသည်။
Jan 06,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်အတွင်း ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နိုင်ငံပိုင်ရင်းနှီးမြှပ်နှံမှုလုပ်ငန်းအဆိုပြုချက်များအား ဆွေးနွေးအတည်ပြုခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 06,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသက် (၂)လမှ(၁)နှစ်နှင့်(၆)လအထိ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးကို ယမန်နေ့ နံနက်(၉)နာရီအချိန်က လဟယ်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်‌ရေးဌာနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 06,2021
ရှမ်းပြည်နယ် ညောင်ရွှေမြို့ မြို့မ မင်္ဂလာဈေး အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်း အတွက် ဆိုင်ခန်းရှင်များနှင့် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။
Jan 06,2021
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးကဏ္ဍ ၇၀ ရာခိုင်နှုန်းကျော်ကို ပြည်ပကုန်သွယ်ရေး လမ်းကြီးအဖြစ် အသုံးပြုထားသော မူဆယ်-ရွှေလီ (ယူနန်ပြည်နယ်-တရုတ်နိုင်ငံ)၏ အဓိကပို့ကုန် လမ်းကြောင်းဖြစ်သည့် မူဆယ်မန့်ဝိန်းဂိတ်ပေါက်အား နယ်စပ်အာဏာပိုင် နှစ်ဦးနှစ်ဖက် သဘော တူညီချက်အရ ယမန်နေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် ပြည်ပ ပို့ကုန်ယာဉ်များဝင်ထွက်ခွင့် စတင်ပြီဖြစ်ကြောင်း မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က မူဆယ်ခရိုင် နယ်ခြားရေးရာ လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး(၁၅:၀၀)နာရီ၊ မူဆယ်ခရိုင် စုပေါင်းရုံးခန်းမတွင် အတည်ပြုပြောကြားသည်။
Jan 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာ အုပ်စု၊ ပန်အွန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဆောင်သစ် ပန္နက်တင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျောင်းဆောင်သစ်တည်ဆောက်မည့် မြေနေရာ၌ ကျင်းပသည်။
Jan 05,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အမှတ်(၃၇) ရပ်ကွက်၊ အမှတ်(ပ/၁၃) ရှိ YGN KTV ဆိုင်အား ခွင့်ပြုချက်မရဘဲ ဖွင့်လှစ် ထားရှိကြောင်း သတင်းအရ ယမန်နေ့ ည ၁၁ နာရီ ၄၀ အချိန်ခန့်က ဝင်ရောက် စစ်ဆေး ရှာဖွေခဲ့ကြောင်း သတင်းရရှိသည်။
Jan 05,2021
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ဝိတိုရိယတောင်တက်လမ်း(၁၀)မိုင်လမ်းခွဲ၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးရေးဂိတ် တိုးချဲ့ထားရှိမည်ဖြစ်ကြောင်း သိရသည်။