အမြို့မြို့အနယ်နယ်သတင်းများ

Jan 05,2021
၂ဝ၂၁ - ၂ဝ၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဆိုင်ရာ လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော် ရေးဆွဲဆောင်ရွက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Jan 05,2021
၁၄ ကြိမ်မြောက် ပရဟိတအသင်းအဖွဲ့ပေါင်းစုံ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခုတင် (၅၀၀)ဆံ အထွေထွေရောဂါကု ဆေးရုံကြီး သွေးလှူဘဏ်ခန်းမ၌ ကျင်းပခဲ့သည်။
Jan 05,2021
   မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအားပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးခဲ့ကြောင်းသိရသည်။
Jan 05,2021
            ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌  ဘဏ်များတွင်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများကို  စစ်ဆေးအကြံပြုတင်ပြနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၅ ရက်နေ့ နံနက်(၁၀)နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
Jan 05,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဌေးနှင့် ဝန်ထမ်းများသည် ယနေ့နေ့လယ် ၁ နာရီအချိန်က သစ်တိုဆိပ် ကျေးရွာအုပ်စု တောင်သူ ဦးမျိုးမင်းဇင်၏ လယ်မြေ (၁၀) ဧကတွင် နွေစပါးမျိုးစေ့ထုတ်စိုက်ခင်းအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်း ဆောင်ရွက်သည်။
Jan 05,2021
ကိုဗစ်-၁၉ ကာလ သံဃာတော်အရှင်သူမြတ်များ ဆွမ်းကိစ္စပြည့်စုံစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်လုံး ဆိုင်ရာ အင်္ဂါဆွမ်းလောင်းအသင်းကြီးမှ ကြီးမှူးကာ ပထမ အကြိမ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို ယမန်နေ့ မွန်းလွဲ ၂ နာရီမှ ညနေ(၅)နာရီအချိန် အထိ လောင်းလှူခဲ့ကြသည်။
Jan 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ အမှတ်(၈၁) ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအား ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်​ရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်နှင့် နှာခေါင်စည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြောင်းမြမြို့အဝင် ကွယ်လွယ် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jan 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် ဆောင်းသီးနှံ အဖြစ် နေကြာနှင့်ပဲပုတ်သီးနှံ သီးညှပ်စံပြကွက် အောင်မြင်ဖြစ်ထွန်းစွာစိုက်ပျိုးနိုင်ကြောင်းနှင့် နည်းစနစ် မှန်ကန်စွာစိုက်ပျိုးနိုင်ရေး ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီခွဲက ဝမ်ပုံကျေးရွာအုပ်စု ၊ ဝမ်ပုံ ကျေးရွာရှိ တောင်သူ ဦးမောင်ငွေ၏ လယ်ကွက် တွင် ဆောင်ရွက်ခဲ့ရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နန်းစောမြ ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်း နှင့် ဝန်ထမ်းများ ၊ ဖိတ်ကြားထားသော တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။