အမြို့မြို့အနယ်နယ်သတင်းများ

Jan 05,2021
ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များကို Quarantine Centre များသို့ လွှဲပြောင်းပေးအပ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဧရာမင်းခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်သည်။
Jan 05,2021
ချင်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လုပ်ငန်းခွင်မြေ တိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်း အမှတ်စဉ် (တိုင်းဒေသကြီး/ပြည်နယ်-၂) သင်တန်းကို ကိုဗစ် - ၁၉ ​ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Jan 05,2021
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် တည်ဆောက်လျက်ရှိသော မီးသင်္ဂြိုလ်စက်တည်ဆောက်ရေး ကော်မတီသို့ အနယ်နယ် အရပ်ရပ်မှ အလှူရှင်များ လာရောက်လှူဒါန်း လျက်ရှိကြရာ ယမန်နေ့ ညနေပိုင်းက မီးသင်္ဂြိုလ်စက် ဖြစ်မြောက်ရေး ကော်မတီသို့ ရွှေသောင်ယံမြို့ အမှတ်(၂)ရပ်ကွက်မှ ကွယ်လွန်သူ ဘိုးဘွားများဖြစ်ကြသော (ဦးထွန်းခင်၊ဇနီးဒေါ်ဂေါက်) (သမီးဒေါ်ကျင်ညို)နှင့် ကွယ်လွန်သူမိဘများဖြစ် သော (ဦးသန်းမောင်၊ဒေါ်တင်လှ)တို့အား ရည်စူး၍ သား၊ သမီး၊ မြေး၊ မြစ်တစ်စုတို့မှ အလှူငွေကျပ် (၇၅)သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
Jan 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကင်းစံပြကျေးရွာတွင် ဒေသထွက်ကုန် မုန့်တစ်မျိုး ဖြစ်သည့် မုန့်လေပွေ လုပ်ငန်းဖြင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Jan 05,2021
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်အတွင်းရှိကျေးရွာပေါင်း (၉၄) ရွာအနက် ကျေးရွာ (၂၈) ရွာ၌ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး အသုံးပြုရရှိနေပြီ ဖြစ်ကြောင်း သိရ သည်။
Jan 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းခရိုင်၊ကောလင်းမြို့နယ်ကျေးလက်ဒသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ အသက် မွေးဝမ်းကျောင်း အထောက်အကူပြု"ဖျာ၊တောင်းယက်လုပ်ခြင်း"သင်တန်းအား ယွန်းအိုး ကျေးရွာအုပ်စု ယွန်းအိုးကျေးရွာတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။