အမြို့မြို့အနယ်နယ်သတင်းများ

Jan 02,2021
ပြင်ဦးလွင်မြို့နယ်ရှိ ရတနာမာန်အောင်ဆရာ တော်အမှူးပြုသော ဆရာတော်၊သံဃာတော်များ မှ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယမန်နေ့ မွန်းလွဲ၂နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။
Jan 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က လူစည်ကားရာ ဈေးများ၊၊ ရုံးများကားဂိတ်၊ ဆိုက်ကား ဂိတ်များ၊ လမ်းသွားလမ်းလာ ပြည်သူ များအား ဖြန့်ဝေ​ပေးခဲ့သည်။
Jan 02,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် အိမ်ပြင်ထွက်သူတိုင်းပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်‌စေရန် ရည်ရွယ်၍ လူထု‌အ‌ခြေပြု အကောင်အထည်ဖော် စီမံချက်အရ အဝါရောင် Mask Campaign ကို ယမန်နေ့ ညနေပိုင်းက ရပ်ကွက်( ၅) ခုတွင် တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
Jan 02,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်-ကျောက်ကြီးမြို့၌ ယမန်နေ့က စတင်ပြီး အော်တိုတယ်လီ ဖုန်း(ကြိုးဖုန်း) အစား အော်တိုတယ် လီဖုန်းလိုင်း ဝန်ဆောင်မှုစနစ် FWA (Fixed Wireless Access) နည်းပညာစနစ်သို့ ပြောင်း လဲ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
Jan 02,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းတွင် မန္တလေး ခရိုင်အတွင်းရှိ ဈေးများနှင့်လမ်းများ တွင် ပြည်သူများအား လှည့်လည်ဖြန့်ဝေပေးခဲ့သည်။
Jan 02,2021
ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနအစီအစဉ်ဖြင့် ချင်းပြည်နယ်ရှိ မြို့နယ် (၃) ခုတွင် ရေမြေဒေသရာသီ ဥတုနှင့် ကိုက်ညီ မှုရှိမရှိ စမ်းသပ်စိုက်ပျိုးရာ မင်းတပ်မြို့နယ်၌သာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မင်းတပ်ခရိုင် စိုက်ပျိုးရေး ဦးစီး ဌာနမှ သိရသည်။
Jan 02,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၄)ရပ်ကွက်၊ ပိတောက်ကွေ့လမ်းပေါ်ရှိ မြို့နယ်ဂီတအစည်းအရုံးခန်းမ၌ ယမန်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က မြို့နယ်ဂီတအစည်းအရုံး နှစ်ပတ် လည်နှင့် ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
Jan 02,2021
မြန်မာနိုင်ငံ၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့ နယ်တွင် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ ရရှိစေရန်အတွက် ဝဥနှင့် ကော်ဖီပင်များ တိုးချဲ့စိုက်ပျိုးရေး အသိ ပညာပေးမှုကို ယမန်နေ့တွင် စိုက်ကွင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။