အမြို့မြို့အနယ်နယ်သတင်းများ

Jan 05,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေ များဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် မြို့တွင်း ရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများ ပြည်သူ သွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ် အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သုသာန် အဝင်ဝ ကျောက်စီရေမြောင်း ခင်းခြင်းလုပ်ငန်း အပိုင်း(၃)ကို ဇန်နဝါရီလ (၁)ရက်နေ့က စတင် ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် (၇၀) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Jan 05,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ အမှတ်(၂)အခြေခံပညာ မူလတန်ကျောင်းတွင် ရွှေဘောလခဲပရဟိတအဖွဲ့ က မီးတားလမ်းပြုလုပ်ပေး ခြင်းကို ယနေ့ နံနက်(၇)နာရီက စတင် ဆောင်ရွက်ခဲ့သည်။
Jan 05,2021
မြန်မာနိုင်ငံ စာကြည့်တိုက် အသင်းက ကြီးမှူး၍ စာကြည့်တိုက်ပညာနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်လျက် အဆင့်မြင့် စာကြည့်တိုက်ပညာ (Online Course) (၁/၂၀၂၁) သင်တန်းကို ယနေ့ နံနက်(၁၀)နာရီတွင် အွန်လိုင်း Zoom app မှ တစ်ဆင့် စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
Jan 05,2021
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ ဦးဆောင်သော Stop Covid-19 ပညာပေး ဆိုင်ဘုတ်ဖွင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီတွင် မရမ်းကုန်း မြို့နယ်ကိုးမိုင်တော်ဝင်လမ်းရှိ ဝိတိုရိယဆေးရုံ၌ ကျင်းပသည်။
Jan 05,2021
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူး ရုံး စခန်းရှိ တပ်ဖွဲ့ဝင်များ ကျန်းမာကြံ့ခိုင်‌ရေး၊ တပ်နေပျော်စေရေး၊ တပ်ဖွဲ့ဝင် အချင်းချင်း ကူညီရိုင်းပင်းတတ်စေရေးတို့အား ရည်ရွယ်၍ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ရေလွှာချော တိုင်၊ ချောတိုင်နှင့် ခေါင်းအုံးရိုက် ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်ပိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 05,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် ၂ လ မှ ၁ နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လစဉ် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့နံနက် (၉) နာရီခွဲက တောင်ရပ်ကွက်၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းရုံးတွင် ဆောင်ရွက်ခဲ့သည်။
Jan 05,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်လျှပ်စစ်ရုံးမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် တိုင်းဒေသ ကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာ (၂၂) ရွာတွင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်လျက်ရှိရာ သက်လယ်ကျေးရွာတွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၂၀.၂၅) သန်းဖြင့် ဆောင်ရွက် လျက်ရှိသော ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Jan 05,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကလေးငယ်များအား ကျန်းမာသန် စွမ်းစေရန်နှင့် ကူးစက်ရောဂါများမှ ကင်းဝေးစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့နံနက် (၉)နာရီအချိန်ခန့် က တုံတာမြို့ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။