အမြို့မြို့အနယ်နယ်သတင်းများ

Dec 31,2020
ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အစည်း အဝေးအမှတ်စဉ်(၈/၂၀၂၀)နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီအစည်းအဝေး အမှတ်စဉ်(၇/၂၀၂၀)ကို ယမန်နေ့ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 31,2020
ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ/မွမ်းမံ) ယူနီဆက်၊ နိုင်ထောင်လုပ်ငန်းများ စာချုပ်ချုပ်ဆိုခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် ကျေးလက်ဦးစီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 31,2020
တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း လုပ်ငန်းများ၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းရေးဆွဲအတည်ပြုရေး အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Dec 31,2020
လွိုင်ကော်မြို့နယ်အတွင်းရှိ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများတွင် တာဝန် ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် ဒေသစရိတ်များ ထောက်ပံ့နိုင်ရန် သတ်မှတ် စီစစ်ရွေးချယ်နိုင်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 30,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ အမျိုးသား ဝန်ထမ်း(၁)ဦးထံ၌ ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း မူဆယ်ခရိုင်၊ ပြည်သူ့ဆေးရုံအုပ်ဒေါက်တာဟန်နိုင်စိုးက ပြောကြားသည်။
Dec 30,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ရှိ အမှတ်(၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲရုံး(ရှမ်း/တောင်) မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၂)ဦးတွေ့ရှိကြောင်း သိရသည်။ “ဒီမနက်မှာ ယာဉ်ထိန်းရဲတစ်ဦးက သူနဲ့အတူ
Dec 30,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ နှစ်စဉ် မီးခိုးများနှင့် မြူငွေ့များကျရောက်ခြင်းကြောင့် လေယာဉ်ခရီးစဉ်ရွေ့ဆိုင်းရခြင်း၊ ဒေသခံပြည်သူများ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဝေဒနာများ ကြုံတွေ့ခံစားရခြင်းကြောင့် ယခုနှစ်တွင် မီးခိုးနှင့်မြူငွေ့ညစ်ညမ်းမှုလျော့ချနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက်(၁၁)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။
Dec 30,2020
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် ရွှေတောင် ငွေတောင်ကျေးရွာတွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် အသစ်ဆောက်လုပ် နေသော ကျေးလက်ကျန်းမာရေးဌာနခွဲ အ‌ဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုမှာ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။