Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒလမြို့နယ် အ.မ.က(၁၇)ကျောင်း၌ လူထုအခြေပြု ဖျားနာကုသ အခမဲ့ဆေးခန်း ဖွင့်လှစ်
Dec 31,2020
အပြည့်အစုံ ဖတ်ရန်
ကြံမျိုးယှဉ်ပြိုင် စမ်းသပ်ကွက်နှင့် စိုက်ပျိုးနည်း စနစ်စံပြကွက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လက်တွေ့ သရုပ်ပြသ နည်းပညာပေး
Dec 31,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်မြို့နယ်၊ အင်ပင်သာကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ တောင်သူ ဦးအုန်းရွှေ၊ ကွင်းအမှတ်(၂၀၂၀) စိုက်ကွင်းအတွင်း ဆောင်းရာသီ ကြံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်နှင့် စိုက်ပျိုးနည်းစနစ် စံပြကွက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာပေး လက်တွေ့သရုပ်ပြသ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်ရှိ ပြည်သူများ၏ သောက်သုံးရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ရေသန့်စင် စက်ရုံစီမံကိန်း ၅၀ ရာခိုင်နှုန်းပြီးစီး
Dec 31,2020
ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများစွာတို့၏ သောက်သုံးရေလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေး နှင့် နွေရာသီကာလ ရေရှားပါးမှုမှ ကင်းဝေးစေရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ် ပိတ်စွယ်ကျေးရွာ အုပ်စု ဘုရားကြီးစုကျေးရွာ၌ လယ်မြေ (၁၉.၈၄) ဧကကို နိုင်ငံတော်အစိုးရမှ ဝယ်ယူပြီး ရေသန့်စင်စက်ရုံ စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်မှ စတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရေသန့်စင်စက်ရုံ စီမံကိန်းဧရိယာ၌ မြေနေရာပြုပြင်လုပ်ငန်းအနေဖြင့် ရာနှုန်းပြည့်ပြီးစီးပြီ ၊ အချင်း ၆၃၀ မီလီမီတာ ( ၂၄ လက်မ)ရှိ HDPE Main Transmission ရေသယ်ပိုက်လိုင်းကြီး ဆက်သွယ်ခြင်းလုပ်ငန်းများအနေဖြင့် ၅၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးကြောင်း ရေရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့ မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်မြို့နယ်တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ရာခိုင် နှုန်းပြ…
Dec 31,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရေးနှင့် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် ရေမြောင်းတူးဖော်ခြင်း၊ ကွန် ကရစ်လမ်း ခင်းခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပေါက်မြို့ ရွှေပေါက်ပင်ရပ်ကွက်အတွင်းရှိ လမ်းသွယ် (၃)လမ်းအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာခိုင်နှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူတွင် ဓာတ်သတ္တုရှာဖွေရေး ဝန်ထမ်းတစ်ဦး၌ ကိုဗစ်-၁၉ပိုးတွေ့ရှိ
Dec 31,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယမန်နေ့က ဓာတ်သတ္တုရှာဖွေရေး ဝန်ထမ်း တစ်ဦး၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိရကြောင်း နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး ခရိုင်အဆင့် ကော်မတီက လားရှိုးမြို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သတ္တမအကြိမ် စားသောက်ကုန်မျာ…
Dec 31,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီက လားရှိုးမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ယနေ့ နံနက် ၈ နာရီခွဲ အချိန်ကစတင်၍ ကျောင်းတိုက်များသို့ အရောက် သတ္တမအကြိမ် စားသောက်ကုန်နှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အာမခံလုပ်ငန်းများမှ ငွေကျပ် သန်း(၈၃၀)ကျော် ရရှိခဲ့
Dec 31,2020
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာ့အာမခံလုပ်ငန်းမှ ဝန်ဆောင်မှုပေး လုပ်ဆောင် လျက်ရှိသော အသက်အာမခံ၊ မီးအာမခံ၊ သူတပါးထိခိုက်မှုအာမခံ၊ ရေကြောင်း အာမခံနှင့် ခရီးသွား အာမခံတို့မှ ဝင်ငွေအဖြစ် ငွေကျပ်(၈၃၉.၉၁၇)သန်းအထိ ကောက်ခံရရှိခဲ့ကြောင်း မြန်မာ့အာမခံလုပ်ငန်း (စစ်ကိုင်းတိုင်းဒေသကြီး)ရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့၌ (၂၀၂၀-၂၀၂၁) ဘဏ္ဏာနှစ်အတွင်း လမ်းပိုင်း(၉)ခုတွင် ကွန်ကရစ်လမ်းခင်း ဆောင်ရွက်သွားမည်
Dec 31,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့နယ် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လမ်းပိုင်း (၉)ခုတွင် (၂၀၂၀-၂၀၂၁)ဘဏ္ဏာနှစ်အတွင်း စည်ပင်သာယာရေး အဖွဲ့ရန်ပုံငွေဖြင့် လမ်းပိုင်း(၅)လမ်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့်(၂)လမ်း၊ လွှတ်တော်ကိုယ်စားလှယ် ခွဲဝေရန်ပုံငွေဖြင့် (၂)လမ်း စုစုပေါင်း လမ်းပိုင်း(၉)နေရာတွင် ကွန်ကရစ်လမ်းများ ခင်းကျင်းဆောင်ရွက်သွားမည်ဖြစ်ရာ ယခုလအတွင်း ခေမာလမ်းနှင့် မင်္ဂလာလမ်းခင်းကျင်းပြီးစီးခဲ့ပြီး ဒီဇင်ဘာလ(၂၈)ရက်နေ့ မှစတင်၍ မြို့မရပ်ကွက်၊ သုခလမ်းအရှည် (၃၃၅ပေ)ပေ၊ လမ်းအကျယ်(၁၅ပေ)ပေ၊ ထု(၈လက်မ)ကို ဆက်လက်ခင်းကျင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27828
Page
27829
Page
27830
Page
27831
Current page
27832
Page
27833
Page
27834
Page
27835
Page
27836
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department