အမြို့မြို့အနယ်နယ်သတင်းများ

Dec 31,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အသုံးပြုပြီး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းနေမှုအား အရည်အသွေး ပြည့်မှီစေရေးနှင့် အချိန်မီပြီးစီးနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားများနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 31,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ (၆၄ဒသမ၀၅၄)ကျပ်သန်းဖြင့် လဟယ်-ဟွေထိုက်-ပုံညိုနောက်အင်းကြား (၂၀/၀)မိုင် အနက်(၂၄)ပေအကျယ်‌ မြေသားလမ်း (၁/၀)မိုင် ဖောက်လုပ်နေမှုနှင့် ၎င်းလမ်းပေါ်တွင် (၅×၅×၂၆)ပေ Box Culvert (၂)စင်းတည်ဆောက်နေမှုကို ယမန်နေ့က ဌာနမှတာ၀န်ရှိသူများ သွားရောက်ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။
Dec 31,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်(၃)ရပ်နှင့်အညီ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ရွာကြီးကျေးရွာအုပ်စု၊ ပျားစခန်းကျေးရွာရှိတောင်သူ ဦးစောပေါလု၏ Home Garden တွင် တောင်သူမှတောင်သူသို့ နည်းပညာဖြန့်ဝေခြင်း ကွင်းသရုပ်ပြပွဲကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Dec 31,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ကမ်းခြေတွင် ကျော့ပိုက်များဖြင့်‌ ငါးရှာဖွေသူများရှိ နေရာယခုရက်ပိုင်းတွင် ဒေသအခေါ် ပမှတ်(ခေါ်)ငါးသပိတ်ငါးများ ရွှေသောင်ယံဒေသ အသီးသီးတွင် ရရှိနေကြောင်း သိရသည်။
Dec 31,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်-ကျွန်းစု ခရီးသွားလုပ်ငန်းသည် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များမှ ကျွန်းကိုအခြေခံပြီး အဓိကလည်ပတ်ကြသည့် ကျွန်းအပန်းဖြေခရီးစဉ်များဖြစ်ပေရာ မြိတ်ကျွန်းစု ခရီးသွား လုပ်ငန်းကို မြန်မာနိုင်ငံ၏ ငါးခုမြောက် ခရီးဒေသတစ်ခုဖြစ်လာစေရန် ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
Dec 31,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆူးလေကုန်းကျေးရွာမှ “ရွှေဆူးလေ” လယ်ယာနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမ အသင်းဝင်များအား ကိုဗစ်-၁၉ကာလအတွင်း မိသားစုများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ယနေ့နံနက် ၉ နာရီက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Dec 31,2020
ဂန့်ဂေါမြို့နယ်၌ ယခုနှစ် ဆောင်းရာသီတွင် မကွေး ၁၆ မြေပဲမျိုးစံပြကွက်(၅)ဧက၊ ဆင်းပဒေသာ(၁၁)မြေပဲမျိုး စံပြကွက်(၅)ဧက၊ ရေဆင်း(၁၄) ပဲတီစိမ်းမျိုး စံပြကွက် (၅)ဧက၊ ICCV 2 ကုလားပဲ မျိုးစံပြကွက် (၅)ဧက၊ သီးနှံသစ်တော ရောနှောစိုက်ခင်း စံပြကွက်အဖြစ် နှစ်ရှည်ပင် စိန်တလုံး သရက်ကြားတွင် ရာသီသီးနှံ ဆောင်းပဲတီစိမ်း စိုက်ပျိုးခြင်း (၁၀)ဧကနှင့် မိုးစပါးအပြီး ကုလားပဲသီးထပ် သီးနှံပုံစံ စမ်းသပ်ကွက် (၂) ဧကတို့ကို စိုက်ပျိုး ဆောင်ရွက်ထားကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။