အမြို့မြို့အနယ်နယ်သတင်းများ

Dec 22,2020
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်းရှိ ပြည်များ သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်အတိုင်း Coronavirus Dsease-2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊
Dec 22,2020
ဝေါမြို့နယ်တွင် NHL သို့ ၂၀.၁၂.၂၀၂၀ တွင် Quarantine Centre ဝင်ရောက်နေသူ(၁၇၉)ဦး တို့၏ Swab နမူနာများယူ၍ ပေးပို့ထားပြီး ယင်းတို့အနက်မှ (၁၇)ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း ဝေါပြည်သူ့ဆေးရုံကြီးမှ သိရသည်။
Dec 22,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ မြို့နယ် ဆရာဝန်ကြီး ဦးဆောင်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များအား ပိုမိုသိရှိစေရန်ရည်ရွယ်၍ MaskCampaign နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအရှန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စည်ပင်သာယာဈေးရှေ့တွင် ပြုလုပ်ခဲ့ ကြောင်းသိရသည်။
Dec 22,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ မြို့ဝင်၊မြို့ထွက်များတွင် ပြည်သူများ နေအိမ်ပြင်ပသို့ မလိုလားအပ်ဘဲ မထွက်စေရေးကို ယနေ့ နံနက်(၉)နာရီအချိန်မှ စတင်ကာ တစ်ပါကွေ့နှင့် တညင်းကုန်း လမ်းဆုံအနီး ဆောက်လုပ်ရေး မှတ်တိုင်တို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများက အထူးကြပ်မတ် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 22,2020
ဝါးပင်သည် မြန်မာပြည်အနှံ့အပြားတွင် ပေါက်ရောက်သော သဘာဝပေါက်ပင်တစ်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံ သည် ဝါးတောပေါက်ရောက်မှု အများဆုံး နိုင်ငံဖြစ်ပြီး အကျိုးရှိရှိ အသုံးချ တတ်ပါက ရွှေကဲ့သို့ တန်ဖိုးမြင့် အပင် အမျိုးအစားပင် ဖြစ်သည်။
Dec 22,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ငွေကျပ် ငါးသိန်း ကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၁နာရီက ပခုက္ကူမြို့၊ COVID-19 အထောက်အကူပြုလုပ်ငန်းကော်မတီထံ ပေးအပ် လှူဒါန်းသည်။
Dec 22,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ဓာတ်အားခွဲရုံများနှင့် ချိတ်ဆက် ဆောင်ရွက်မည့် 33/11 KV ဓာတ်အားလိုင်းကြိုးများ အဆင်ပြေချောမွေ့စွာ လိုင်းကြိုး ဆွဲနိုင်ရေးအတွက် တိုင်များ စိုက်ထူနိုင်ရန်အတွက် မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် လမ်းဦးစီးဌာန၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် တည်ဆောက်ရေး ကုမ္ပဏီ တာဝန်ခံတို့က ယမန်နေ့ နေ့လယ်က ဓာတ်အားလိုင်းကြိုးသွယ်တန်းမည့် လမ်းတစ်လျှောက် ကွင်းဆင်း တိုင်းတာစစ်ဆေး၍ စိုက်ပျိုးလယ်မြေပိုင်ရှင်များနှင့် တွေ့ဆုံ ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။
Dec 22,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စလစာများကို ယမန်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရေး မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာများမှ ပင်စင်စားမိဘပြည် သူများအား သတ်မှတ်ရက်များဖြင့် ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။