အမြို့မြို့အနယ်နယ်သတင်းများ

Dec 22,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေးအတွင်းရှိ စျေးရောင်းချသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Dec 22,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး အတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်၊ နှာခေါင်းစည်း (Mask)များ မဖြစ်မနေ တပ်ဆင်ရေး အသိပညာပေးခြင်းများနှင့် စစ်ဆေးကြပ်မတ်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ ပြည်သူများထံ ပါးစပ်နှင့်နှာခေါင်းစည်းများ (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 22,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ယမန်နေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလင်းလင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Dec 22,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံနှင့် အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း (GTI) ကိုဗစ်-၁၉ အတည်ပြုလူနာ ကုသရေးစင်တာတို့၌ ဆေးကုသစောင့်ရှောက်မှု ခံယူနေသော ကိုဗစ် အတည်ပြုလူနာ အသက်(၈၅)နှစ်အရွယ် အဘွားတစ်ဦး အပါအဝင် (၁၂)ဦးမှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်လာသဖြင့် ယမန်နေ့က ဆေးရုံမှ ဆင်းခွင့် ပြုလိုက်ကြောင်း သိရသည်။
Dec 22,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချခွင့်ပြုနိုင်ရေးအတွက် ယနေ့နံနက် (၁၀)နာရီခွဲအချိန်ခန့် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့မှ ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 22,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးမြို့အတွင်း တည်ရှိပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်းတွင်းရေချိုအိုင်ကြီးဖြစ်သည့် အင်းတော်ကြီးကန်နှင့် ဆက်စပ်ရေဝပ်ဧရိယာများတွင် ယခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် ရေပျော်ငှက်မျိုးစိတ်အသစ်ဖြစ်သည့် ရေညှောင့်ငှက်မျိုးစိတ် အပါအဝင် ရေပျော်ငှက်(၃)မျိုးကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
Dec 22,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အမှတ်(၁၂) ရပ်ကွက်၊ ဒေသန္တရဆေးခန်းတွင် ဖွင့်လှစ်ထားရှိသည့် လှိုင်သာယာဖျားနာကု (အခမဲ့) ဆေးခန်းသို့ ယမန်နေ့မွန်းလွဲ (၁၂:၃၀) ခန့်က ကိုသက်ဝေလွင် +မခိုင်ဇာလွင်(CANADA)မိသားစုနှင့် နာရေးကူညီမှု အသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ် ဆေးခန်းမှ တာဝန်ရှိသူများက ဆေးဝါးများ လိုအပ်မှုမရှိစေရေး အတွက် နှလုံး သွေးတိုး ဆီးချိုနှင့် ပိုးသတ်ဆေးများနှင့် လိုအပ်သော ဆေးဝါး လာရောက် လှူဒါန်းရာ လှိုင်သာယာ ဖျားနာကုဆေးခန်းမှ တာဝန်ကျ ဆရာဝန်မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
Dec 22,2020
မြန်မာနိုင်ငံ၏ အရည်အသွေးမြင့်ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်မြို့၌ ပထမဆုံး အဆင့်မြင့် ကျောက်မျက်ရတနာရောင်းဝယ်ရေးစင်တာ တည်ဆောက်နေမှု ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ကျောက်မျက်ရောင်းဝယ်ရေးစင်တာ ဖွင့်လှစ်ချိန်တွင် ဒေသတွင်း ကျောက်မျက်အချောထည် လုပ်ငန်းအား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့တွင် ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း(ဖားကန့်)မှ ဥက္ကဋ္ဌ ဦးဇော်လင်းမြင့်(ခ)ဦးဝမ်းက ပြောသည်။