အမြို့မြို့အနယ်နယ်သတင်းများ

Dec 22,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်
Dec 22,2020
နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နမ္မတူရပ်ကွက်ရှိ မြို့နယ်တရားရုံးရှေ့လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 22,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ကိုဗစ်ကော်မတီသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ဖျာပုံခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 22,2020
ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home သတ်မှတ်ထားသည့် မြို့နယ်များအတွင်းရှိ ခရစ်စမတ် ကာလနှင့် နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက် ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အများပြည်သူ စုဝေးတတ်သော နေရာများဖြစ်သည့် ပြည်သူဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ အင်းယားကန်ပေါင်၊၊ ပန်းခြံနှင့် ကစားကွင်းများ အားလုံးကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရှိရသည်။
Dec 22,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ ဝန်ထမ်းအိမ်ရာ နှစ်ခန်းတွဲနှစ်ထပ်နှင့် စည်ပင်သာယာရေးကော်မတီရုံးသစ်ဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန် က အဆိုပါရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။
Dec 22,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ကျောက်တော(စံပြ)ကျေးရွာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းစီမံချက်အတွက် နောင်ချိုမြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးရုံးခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လင်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့ ညနေပိုင်းက ကျောက်တော(စံပြ)ကျေးရွာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (CBT) ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Dec 22,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု လုပ်ငန်းအဆင့်များ၏ ရည်ရွယ်ချက်များဖြစ်သည့် လူမှုဝန်ဆောင်မှုများနှင့် (Client) အရည်အသွေးနှင့် စွမ်းဆောင်မှုတိုးတက်လာစေရန်၊ Clients များအတွက် လူမှုရေးချိတ်ဆက်မှုများနှင့် သင့်လျော်သည့် ဝန်ဆောင်မှု၏ အရည်အသွေးများ ပိုမိုတိုးတက်ထိရောက်စေပြီး အကျိုးရှိသည့် ဝန်ဆောင်မှုများ ဖွံ့ဖြိုးလာစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ အမျိုးသမီးများအကြမ်းဖက်မှုနှင့် သက်ငယ်မုဒိမ်းဖြေရှင်း ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်ခန့် က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။