အမြို့မြို့အနယ်နယ်သတင်းများ

Dec 22,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ ဒေသခံစိုက်ပျိုး​ရေးတောင် သူများအနေဖြင့် မြေအောက်ရေနှင့်ရာသီမပြတ်စီးဆင်း​နေသော ှင့် ရာသီအလိုက် စိုက်ပျိုးရေး သီးနှံပင်ယောချောင်းနှင့် ကျောချောင်းကို အမှီပြု၍ နှစ်ရှည်သီးနှံပင်များနများကို အဓိကထား စိုက်ပျိုးလုပ်ကိုင် လျက်ရှိ သည်။
Dec 22,2020
ပြင်ဦးလွင်မြို့နယ်တွင်းရှိ Facility Quarantine Center များတွင် သတ်မှတ်အရေအတွက် ရောက်ရှိ ပြီဖြစ်သောကြောင့် ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရန်အတွက် ယမန်နေ့မွန်းလွဲ ၁၂ နာရီအချိန်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ မြို့နယ် ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီတို့ပါဝင်သောအဖွဲ့မှ သွားရောက်ကြည့်ရှု ခဲ့ကြောင်း သိရသည်။
Dec 22,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပုသိမ်လူမှုညီအကိုများအဖွဲ့က ကိုဗစ်-၁၉ ကာလ လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်လျက်ရှိရာ
Dec 22,2020
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပေါက်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူနှင့် တာဝန်ရှိ သူများ က ပေါက် မြို့နယ် ငမို့ကြီးကျေးရွာ မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို ယမန်နေ့ ညနေပိုင်းက ​​ထောက်ပံ့ပေးအပ်ခဲ့​ကြောင်း သိရ သည်။
Dec 22,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ကျေးရွာ ရွေးချယ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 22,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြလေးကျေးရွာအုပ်စု အလန်းကြီးကျေးရွာ ဦးကာတွန်းနေအိမ်ရှိ ဦးခေါင်းပိုင်းရောဂါ ခံစာနေရသော ကလေးငယ်အား ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။