Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကြည့်မြင်တိုင်မြို့နယ်ရှိ စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စုများအား We Love Kyeemyindine အဖွဲ့မှ စားသောက်ကုန်များ လှူဒါန်း
Dec 20,2020
ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စုများအား We Love Kyeemyindine အဖွဲ့က စားသောက်ကုန်များ အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးခြင်းကို ယမန်နေ့က ကြည့်မြင်တိုင်မြို့နယ် အနောက်ဘက်ခြမ်း၊ လှိုင်မြစ်တစ်ဘက်ရှိ ဝါးရုံဆိပ်ရပ်ကွက်အုပ်စု အပိုင် ငါးနံပတ်ကျေးရွာရှိ အခြေခံအိမ်ထောင်စု (၁၂၀)သို့ စားသောက်ကုန်များကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် သာပေါင်းကျေးရွာ ကမ်းပြိုဘေးသင့်မိသားစုအား မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်…
Dec 20,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာ (၃-က)ရပ်ကွက်တွင် ဒီဇင်ဘာ (၁၇)ရက် နေ့၌ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ မြစ်ကမ်းနံဘေးတွင် နေထိုင်သည့် တဲအိမ်(၁)လုံး ပြိုကျ ပျက်စီးခဲ့သဖြင့် ယမန်နေ့ နေ့လယ်(၂)နာရီခန့်၌ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့နယ်အတွင်း ထုတ်ပြန်ကြေညာထားသည့် သတ်မှတ်စည်းကမ်း မလိုက်နာသူများအား ငွေဒဏ်ပေးဆောင်စေခဲ့
Dec 20,2020
စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သွားလာမှု များအား ပညာပေးကာလ ကျော်လွန်လာပြီဖြစ်၍ ဒီဇင်ဘာ(၁၅)ရက်နေ့မှ စတင်ကာ အထူးကြပ်မတ် စိစစ်လျက်ရှိရာ ယမန်နေ့က စည်းကမ်းမလိုက်နာသူ (၄၄)ဦးအား စိစစ်ရေးအဖွဲ့များမှ ငွေဒဏ်ဖြင့် အပြစ်ပေးခဲ့ကြောင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့ ကျုံးဘေးတွင် လမ်းလျှောက်ခြင်း၊ အားကစားပြုလုပ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ မပြုလုပ်ရန် ကာလာကြိုးများ တားခြင်းနှင့် မေတ္တာရပ်ခံချက် ဗီနိုင်းများ ချိ…
Dec 20,2020
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ကျုံးဘေးတွင် လမ်းလျှောက်ခြင်း၊ အားကစားပြုလုပ်ခြင်း၊ ဓာတ်ပုံ ရိုက်ခြင်းများ မပြုလုပ်ရန် ကာလာကြိုးများ တားခြင်းနှင့် မေတ္တာရပ်ခံချက် ဗီနိုင်းများ ချိတ်ဆွဲ အသိပေးခြင်းများကို ယမန်နေ့ ညနေ ၆ နာရီက စတင်၍ မြောက်ဘက်ကျုံးဘေး ၁၂ လမ်း တစ်လျှောက်နှင့် အရှေ့ဘက်ကျုံးဘေး ၆၆ လမ်းတစ်လျှောက်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
Dec 20,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြန်ထောင်စု)ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောက်တိုဘာလ (၂၇)ရက်နေ့မှ စတင်၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြိုင်ကြီးငူအထူးဒေသတွင် ဆောင်ရွက်နေသော ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့က လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် အခြေခံအဆောက်အဦး ဆောက်လုပ်ခြင်းဆိုင်ရာ မွမ်းမံသင်တန်းပြုလုပ်
Dec 20,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် အခြေခံအဆောက်အဦးဆိုင်ရာ မွမ်းမံသင်တန်းကို ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု မောခီးကျေးရွာတွင်မိုးနှောင်းနှမ်း(ခေါ်) ဆောင်းဦးနှမ်းများ အောင်မြင်ဖြစ်ထွန်း
Dec 20,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ၊မဲသမူးကျေးရွာအုပ်စု မောခီးကျေးရွာရှိ တောင်သူ ဦးစောမောင်အေး၏ လယ်ယာတွင် စိုက်ပျိုးသည့် မိုးနှောင်းနှမ်း(ခေါ်)ဆောင်းဦးနှမ်းများ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့နယ်၌ ၇ လအတွင်း ကိုဗစ် ၁၉ ဓါတ်ခွဲအတည်ပြုလူနာ ၄၇၄ ဦးရှိပြီး သေဆုံးသူ ၉ ဦးရှိ
Dec 20,2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မေလ ၁၈ ရက်နေ့မှ ဒီဇင်ဘာလ ၁၈ ရက်နေ့ထိ ၇ လအတွင်း အခြား မြို့နယ်၊ ပြည်နယ်၊ တိုင်းများတွင် ဘားအံလိပ်စာဖြင့် ပိုးတွေ့သူ ၅ ဦးအပါအဝင် ကိုဗစ် ၁၉ ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၄၇၄ ဦးရှိခဲ့ပြီး ၉ ဦးသေဆုံးခဲ့ကာ ပြန်လည်ကျန်းမာလာ၍ ဆေးရုံဆင်းလူနာပေါင်း ၄၅၆ ဦးနှင့် ဆေကုသမှုခံယူနေသူ ၆၀ ဦးခန့် ရှိနေသေးကြောင်း ကရင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27935
Page
27936
Page
27937
Page
27938
Current page
27939
Page
27940
Page
27941
Page
27942
Page
27943
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department