အမြို့မြို့အနယ်နယ်သတင်းများ

Dec 20,2020
အုပ်စုဖွဲ၍ ကျိုင်းတုံမြို့မှ မော်တော်ဆိုင်ကယ်များ ခိုးယူနေသူ (၂၃)ဦးနှင့် ၎င်းတို့ ခိုးယူခဲ့သည့် ဆိုင်ကယ် (၃၅)စီးကို ကျိုင်းတုံမြို့မ ရဲစခန်းက ဖော်ထုတ် သိမ်းဆည်းရမိထားကြောင်း သိရသည်။
Dec 20,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ရှိ နေရပ်ပြန်အသွားအလာစောင့်ကြည့် ရေးစခန်း (Quarantine Centre) တွင် အသုံးပြုရန် ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက သဘာဝ ဓာတ်ငွေ့ စီမံကိန်းတာဝန်ခံ အလှူရှင်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Dec 20,2020
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ မကွေး-နတ်မောက်လမ်း၊ သင်ကြားရေးဆေးရုံကြီး အနီးတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်ခန့်က ကောက်ရိုးများ တင်ဆောင်လာသော Toyota မော်တော်ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Dec 20,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုး ရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဟိုဂျစ်-ဟိုဖ ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဗြုန်းကျောက်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့ နံနက်က
Dec 19,2020
သင်ဖြူးဖျာရက်လုပ်ခြင်း လုပ်ငန်းသည် မိရိုးဖလာ ရိုးလုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာတို့၏ ရှေးယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ ရှင်ပြု၊ ရဟန်းခံ၊ မင်္ဂလာဆောင်တို့၌ မပါမဖြစ်သော အသုံးအဆောင် ပစ္စည်းဖြစ်၍ နိုင်ငံခြားမှ တင်သွင်းလာသော ဖယောင်းပုဆိုး၊ လီနိုလီယမ်စသော ကြမ်းခင်းပစ္စည်းများ မည်သို့မျှပင်လှပ ကောင်းမွန်စေကာမူ သင်ဖြူးဖျာကဲ့သို့ မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်ခြင်း၊ ထားသိုရန်လွယ်ကူခြင်း၊ တန်ဖိုးမများပဲ အသုံးခံခြင်းမရှိသဖြင့် မြန်မာနိုင်ငံဖွား တိုင်းရင်သားများသည် သင်ဖြူးဖျာကို ယနေ့တိုင်စွဲစွဲမြဲမြဲ သုံးစွဲခဲ့ကြသည်။
Dec 19,2020
နိုင်ငံတော်အစိုးရဝယ်ယူသည့် နိုင်ငံတော် အရေးပေါ် ရိက္ခာစားဆီတန်ချိန် ၄၂တန် (ဆီပုံး-၂၅၈၇ ပုံး)ကို နွားထိုးကြီးမြို့ မြို့နယ် အားကစားခန်းမ၌ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် စစ်ဆေးနေပြီဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
Dec 19,2020
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး‌ကော်မတီမတီဥက္ကဋ္ဌ ၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးသည် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထပ်တိုးတင်ပြ တောင်းခံထားသော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို တာဝန်ကျဌာနဆိုင်ရာ အကြီးအကဲများ ကိုယ်တိုင်ကြီးကြပ်၍ မြေပြင်ကွင်းဆင်းပေးအပ်နေမှုအခြေအနေကို ယမန်နေ့ နေ့ညနေပိုင်းက အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက် ၊ထန်းတောကျေးရွာ ၊ပန်းအိုင်ကျေးရွာ များသို့ လှည့်လည်ကြည့် ရှုစစ်ဆေးအားပေးခဲ့ကြောင်း သိရသည်။