အမြို့မြို့အနယ်နယ်သတင်းများ

Dec 19,2020
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် စီကောင်းကျေးရွာအုပ်စု ဘုံသာကျေးရွာတွင် ဒီဇင်ဘာ ၁၃ ရက်နေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနေအိမ် (၁၈ပေ၊ ၁၈ပေ၊ သွပ်မိုးထရံကာ၊ မြေစိုက်) တစ်လုံး (လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှုမရှိ) ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က အဆိုပါ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရ သည်။
Dec 19,2020
လက်ဖက်စနစ်တကျကိုင်းဖြတ်ခြင်းနည်းပညာ မိတ်ဆက်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟိန်စွန်းကျေးရွာ တောင်သူဦးအုန်းကျော်၏ ဦးပိုင်အမှတ်(၉)၊ ဟိန်စွန်းပြင်ကွင်းတွင် ခရိုင်၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 19,2020
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်သည့် မြန်မာမုန့်ပြုလုပ်နည်းသင်တန်းကို တံတားမြို့ အမှတ်(၁)ရပ်ကွက်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
Dec 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် တိုင်းဒေသကြီး တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ တီဘီရောဂါ ကွင်းဆင်းရှာဖွေရေး အဖွဲ့နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ ထီးချိုင့်မြို့နယ်အတွင်း တီဘီရောဂါ ရှာဖွေ ဖော်ထုတ်ကုသခြင်းကို ဒီဇင်ဘာ (၁၃) ရက်နေ့မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ကူးစက်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 19,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ညွန့်နှင့် ဝန်ထမ်းများက နှောပင်ကျေးရွာ၊ ဇလုပ်ကြီး ကျေးရွာနှင့် ကူးတို့ကုန်းကျေးရွာတို့တွင် ယမန်နေ့က (VDP) စီမံကိန်းအကြောင်း မိတ်ဆက်ခြင်းနှင့် ကော်မတီဝင်များ ရွေးချယ်ခြင်းများ ဆောင်ရွက်ခဲ့သည်။