အမြို့မြို့အနယ်နယ်သတင်းများ

Dec 18,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာ အုပ်စု၊ မဲကတောခီးကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့ က စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Dec 18,2020
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာ သော တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၁)ဉီးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီဉက္ကဋ္ဌ ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များမှ ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည် ရောက်ရှိနိုင်ရေးအတွက် ယမန်နေ့ ညနေ(၄)နာရီအချိန်က လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
Dec 18,2020
ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့နယ်တွင် နယ်စပ်​ရေးရာဝန်ကြီးဌာန၊ နယ်စပ်​ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန(ပြည်​​ထောင်စု)ခွင့်ပြုရန်ပုံ​ငွေကျပ်(၁၉၆.၀၉၅)သန်းဖြင့်​ ဆောင်ရွက် လျက်ရှိသည့် သမိန်ဒွတ်-ခရင်း-ကညင်ကတိုက်​ကျေးရွာချင်းဆက်လမ်း(၁/၆)မိုင်​ကျောက်ခင်းခြင်းလုပ်ငန်းကို​ ယ​နေ့နံနက်ပိုင်း ကကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှူကြီးကြပ်​​​ရေးရုံးမှ ဒုတိယညွန်ကြား​ရေးမှူးဦး​စောထူးနှင့် တာဝန်ရှိသူများက ကွင်းဆင် ကြည့်ရှု့စစ်​ဆေးခဲ့​ကြောင်း သိရသည်။
Dec 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကွန်းတောင်းကျေးရွာအုပ်စုတွင် သုံးထပ်စက်ဝိုင်း ကုမ္ပဏီလီမိတက်မှ ဆန်နှင့်ဆီများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၉) နာရီ အချိန်ခန့်က ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
Dec 18,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် မေတ္တာလမ်းကွန်ကရစ်ခင်းခြင်းနှင့် ဦးအောင်မြတ်လမ်းကျောက် ချောခင်းခြင်းလုပ်ငန်းများကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၇ရက်နေ့မှ စတင်အကောင်ဖော်ဆောင်ရွက်ခဲ့ရာ နှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Dec 18,2020
ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူး​ပေါင်းအ​ကောင်အထည်​ဖော်​ ဆောင်ရွက် လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း (CDD)ကို ၂၀၂၀-၂၀၂၁ ဘဏ္ဏာ​ရေးနှစ်တွင် စတင်အ​ကောင်အထည်​ ဖော်ဆောင်ရွက်မည့် ရန်ကုန်တိုင်း​ဒေသကြီး၊​ ခရမ်းမြို့နယ် ကျေးရွာအဆင့်စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲအခမ်း အနားကို ယနေ့နံနက်(၁၁)နာရီအချိန်တွင်   ကျန်းမာရေးဝန်ကြီးဌာန၏ကိုဗစ်-၁၉ ကာကွယ်ရေးလမ်း ညွှန်ချက် များနှင့်အညီ ခရမ်းမြို့နယ် ဘုရားပျိုကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရှိရသည်။
Dec 18,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများနှင့် ဂျပန်နိုင်ငံ ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့ Shanti Volunteer Association (SVA) တို့ ပူးပေါင်း ဆောင်ရွက်သော ရွေ့လျားစာကြည့်တိုက် ဝန်ဆောင်မှု ဆိုင်ရာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
Dec 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ်(၃)ရပ်ကွက်ရှိ Quarantine Centre ၌ ဒီဇင်ဘာလ ၁၅ ရက် ညနေပိုင်းက Quarantine ထားရှိသူများအား တို့ဖတ် ဓါတ်ခွဲနမူနာရယူစစ်ဆေးခဲ့ပြီး မူဆယ်မြို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲဌာန၏ ကျန်းမာရေးစစ်ဆေးချက်အရ အသက်(၂၃)နှစ်အရွယ် အမျိုးသားတစ်ဦးထံမှ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။