Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမရှိစေရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေး ညမထွက်ရ အမိန့်ထုတ်ပြန်
Dec 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ Coronavirus Disease 2019 (COVID-19) ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမိန့်အမှတ် (၇/၂၀၂၀)၊ ဒီဇင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် ညမထွက်ရ အမိန့်ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်
Dec 18,2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ နှာခေါင်းစည်း( Mask) တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို နေ့စဉ် Mask Campaign ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၃) နာရီအချိန် က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးနှင့် လမ်းဆုံများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့နယ်တွင် မီးဘေးအန္တရာယ် လျော့နည်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်
Dec 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် လျော့နည်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့ည ၇ နာရီက လောင်းလုံးမြို့နယ် အတွင်းရှိ မြို့ပေါ်/ရပ်ကွက်နှင့်ကျေးရွာများတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထား သည့် မိုးစပါးဆင်းသုခမျိုးစေ့ထုတ်စိုက် ကွင်းများအား စံကွက်ရိတ်သိမ်း…
Dec 18,2020
စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေဦးစီးဌာန အုန်းတောနည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံများ နှင့် စိုက်ပညာရှင်ဝန်ထမ်းများ၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ သည် ယမန်နေ့၊ မွန်းလွဲပိုင်းက နယ်မြေအတွင်းရှိ ဆင်တပ်ကျေးရွာ ကွင်းအမှတ် (၈၃၁/ ၁)၊ ဦးပိုင်အမှတ် (၂၃၅/၁) တောင်သူဦးတင်မြင့်၊ ဦးပိုင်အမှတ်(၂၃၆)တောင်သူ ဦးလင်းလင်း၊ ဦးပိုင် အမှတ် (၂၄၆) တောင်သူ ဦးညွန့်ဝင်းတို့၏ အောင်မြင်ဖြစ်ထွန်းနေ သော(CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးဆင်းသုခ မျိုးစေ့ထုတ်စိုက်ကွင်းများအား စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်၌ Youth Club အဖွဲ့က ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး နေအိမ်ပြင်ပ သွားလာသူများ Mask Campaign ပြုလုပ်
Dec 18,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုဖြစ်ပွားနေဆဲဖြစ်သည့်အတွက် လူတိုင်းအပြင်ထွက်လျှင် နှာခေါင်းစည်းMask တပ်ဆင်သွား လာရေး အသိပညာပေးခြင်းကို တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ယနေ့နံနက် ပိုင်းက ကျောက်တိုင်လမ်းနှင့် ဆေးရုံလမ်းဆုံ၊ မေတ္တာလမ်းတို့တွင် ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် Youth Club အဖွဲ့တို့ ပူးပေါင်းကာဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Dec 18,2020
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်ရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရန်တောင်ကျေးရွာနှင့် သင်းကျွန်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးပြုလုပ်
Dec 18,2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဘားအံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့ တဂူသိမ်စျေးတွင် ခွင့်မပြု၊ သက်တမ်းလွန်အစားအသောက်၊ အလှကုန်များ ရောင်းချမှုရှိ မရှိ စစ်ဆေး
Dec 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး အဖွဲ့ဝင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှတားမြစ်ထားသော ဓာတုပစ္စည်းများ ပါဝင်သည့် အစားအသောက်များ၊ အလှကုန်ပစ္စည်းများအားဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမရှိစေရန်နှင့်အများပြည်သူ ဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရန် ယမန်နေ့ နံနက်ပိုင်းက တဂူသိမ်စျေးတွင် ပြည်သူလူထုနေ့စဉ် စားသောက်၊ အသုံးပြုနေသောအ ခြေခံစားကုန်များနှင့်အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး ခွင့်မပြု၊ သက်တမ်း လွန်အစားအသောက်၊ အလှကုန်များကို ကြည်ရှု့စစ်ဆေး ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27963
Page
27964
Page
27965
Page
27966
Current page
27967
Page
27968
Page
27969
Page
27970
Page
27971
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department