အမြို့မြို့အနယ်နယ်သတင်းများ

Dec 18,2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ ပထမအကြိမ် ခွင့်ပြုရန်ပုံငွေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း (၃၀) ခုအား ဆောင်ရွက်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင် ဦးဆောင်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့၊ အမှတ် (၁) နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ တင်ဒါအောင်မြင့်ခဲ့သည့် ကုမ္ပဏီများနှင့် လုပ်ငန်းအပ်နှံ စာချုပ်ချုပ်ဆိုခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Dec 18,2020
မြောင်းမြမြို့၊ မြရတနာရပ်ကွက်ရှိ ဘုရားချောင်းတံတားပြုပြင်ခြင်းကို ယနေ့နံနက်မှ စတင်ကာ စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 18,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့မြို့အဝင်မုဒ်ဦးဆိုင်းဘုတ် အသစ်တည်ဆောက်ခြင်း လုပ်ငန်းမှာ၂၀၁၉ -၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အထွေထွေပိုလျှံရန်ပုံငွေ(GRF)ဖြင့် ဆောင်ရွက်နေသော လုပ်ငန်းအား ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးညီညီမောင် ဦးဆောင်၍ တာ၀န်ခံအင်ဂျင်နီယာ ဦးဇေယျာမင်းထွန်း၊ အငယ်တန်းအင်ဂျင်နီယာ(၂) ဒေါ်သက်ဇင်ဦးတို့ ပူးပေါင်းပါဝင်ကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ စိန်ပန်း-ရွှေတောင်လမ်းဆုံ၊ စိန်ညီနောင်ပွဲရုံရှေ့၌ ကိုဗစ်-၁၉ ရောဂါအသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ ၁၀ နာရီအချိန်ခန့်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ပေါ်ရှိတိုက်ပွဲရှောင် အိမ်ထောင်စုများအတွက် ပြန်လည် နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များကို ယနေ့နံနက်ပိုင်းက မြို့နယ် ပြည်ထောင်စုခန်းမ၌ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်‌ဆောင်ရွက်ခဲ့သည်။
Dec 18,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စီမံကိန်းရေးဆွဲ အကောင်ဖော်ရေးကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပသည်။
Dec 18,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးစင်တာ (၂)ခု ထားရှိရာ မြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့် ကိုဗစ်-၁၉ ထိန်းချုပ်‌ရေးစင်တာ (၂)တို့တွင် ပိုးတွေ့အတည်ပြု လူနာများ ထားရှိရာ တွင် ဒီဇင်ဘာ (၁၇)ရက်နေ့ စာရင်းအရ မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ပိုးတွေ့ အတည်ပြု လူနာ(၈)ဦး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးစင်တာ(၂)တွင် အတည်ပြုလူနာ(၂၃)ဦး စုစုပေါင်း (၃၁)ဦး တိုးအား သီးသန့်ထားရှိကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။