အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2020
စစ်ကိုင်းမြို့မှ လေကြောင်းခရီးစဉ်ဖြင့် သွားလာမည့်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Antigen Diagnostic Test (RDT) နည်းဖြင့် စစ်ဆေးပေးနိုင်ရန် စစ်ကိုင်းခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Dec 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့တွင် (ပြည်ပ)မှ ပြန်လာသူ (၈)ဦးအား ကန့်သတ် စောင့်ကြည့်နေရာတွင် ထားရှိလျက်ရှိကြောင်းသိရသည်။
Dec 17,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သင်တောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၄၆)၊ ဦးပိုင် အမှတ်(၉၂/၁) တောင်သူ ဦးအီစမန်၏ စိုက်ဧက(၁.၆၁)ဧကတွင် ယနေ့နံနက် (၁၀)နာရီက ဧရာမင်းမိုးစပါး စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက ထွက်နှုန်း (၈၃.၉၈)တင်း ထွက်ရှိကြောင်း သိရှိရသည်။
Dec 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ မိုဝိုင်းလွတ်မြို့တွင်းရှိ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးအတွက် ဟုမ္မလင်း မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ
Dec 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ် သတိပေး လက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းတွင် ရွှေသာယာမြို့မစျေးရှိ လမ်းဆုံနေရာများနှင့် အဓိက လမ်းမများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွန်ချက်နှင့်အညီ နှာခေါင်စည်း (mask)မတပ်ဘဲ
Dec 17,2020
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးအဖွဲ့ (Women Club)နှင့် ပူးပေါင်ပြီး အမျိုးသမီးနှင့်လုံခြုံရေးခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) အစီအစဉ်အား ဒီဇင်ဘာလ (၁၅) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။