အမြို့မြို့အနယ်နယ်သတင်းများ

Nov 26,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မယ်စဲ့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ မြစိမ်းရောင် စီမံကိန်း ဆဋ္ဌပအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဝမ်ကန်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
Nov 26,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက် ပိုင်းမှ စ၍ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မြို့နယ်‌ရပ်ကွက်များအတွင်း နေအိမ်ပြင်ပ ထွက်သူတိုင်း အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေးကို အထူးကြပ်မတ်စစ်ဆေးဆောင် ရွက်လျက်ရှိသည်။
Nov 26,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူး၍ ၂ဝ၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေး လုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကဏ္ဍအသီးသီးအလိုက်မှ ပုဂ္ဂိုလ်များအား မှတ်တမ်းတင် ဂုဏ်ပြု လက်မှတ်များ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ခရမ်းမြို့ နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Nov 26,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ဝါးဘလောက်သောက်ကျေးရွာ ဒလ-လက်ခုတ်ကုန်း ကားလမ်း မိုင်တိုင်အမှတ်(၂၁/၁)အနီး၌ ယမန်‌နေနံနက် ၁၁ နာရီအချိန်ခန့်က မော်တော်ယာဉ်တစ်စီး လမ်းဘေး ဓာတ်တိုင်အားဝင်တိုက်၍ မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။
Nov 26,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့စည်ပင်သာယာ ရေးကော်မတီ၏ ပူးပေါင်းပြီး ရိခေါ်ဒါရ်မြို့အတွင်း စျေးဆိုင်နှင့် စားသောက်ဆိုင်များအား ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက် ခြင်း ရှိ/မရှိ ကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့က လှည့်လည်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 26,2020
စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းသည် ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းဦး၊ ဒုတိယတိုင်းဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးများ ၊ မျိုးစေ့တာဝန်ခံများ ၊ သီးနှံကာကွယ်ရေးတာဝန်ခံများ ၊ မြေအသုံးချရေးတာဝန်ခံများနှင့်အတူ ပုဗ္ဗသီရ ိမြို့နယ် စက်စက်ယိုစိုက်ကွင်းအတွင်း မျိုးစေ့ထုတ်လုပ်ငန်းလုပ်ကိုင်နေသည့်ကုမ္ပဏီမှ တာဝန်ရှိ သူများနှင့် ဇေယျာသီရိမြို့နယ်အတွင်း(CERP)အစီအစဉ်အရ စိုက်ပျိုးထားသော မျိုးစေ့ထုတ် စိုက်ကွင်းများအား လှည့်လည်ကွင်းဆင်းကြည့်ရှု့စစ်ဆေးကြသည်။