အမြို့မြို့အနယ်နယ်သတင်းများ

Aug 16,2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနကပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းအစီအစဥ်တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး Human Papilloma Virus (HPV) ပထမအကြိမ် ထိုးနှံခြင်းကိုထည့် သွင်း နိုင်ရန် လျာထားပြင်ဆင်လျက် ရှိကြောင်းသိရသည်။
Aug 16,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင်နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်းပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ စားဝတ်နေရေးနှင့် အလုပ်အကိုင်များအခက်အခဲမဖြစ်စေရေးအတွက် ငွေကြေး ထောက်ပံ့ပေး အပ်ခြင်းကို ပြည်သူများလက်ဝယ်အ​ရောက်​ထောက်ပံ့​ပေးအပ်လျက်ရှိ​ကြောင်းသိရသည်။
Aug 16,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ လုပ်ငန်းစီမံချက်အရစီမံကိန်းကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး
Aug 16,2020
နယ်စပ်ဒေသနေပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရေးအတွက် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲများပြသခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန် က မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ကောက်ကွက်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Aug 16,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစား ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Aug 16,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ လူသွားစင်္ကြန်(Platform)ပြုလုပ်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
Aug 16,2020
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ဇူလိုင်လ ၂၅ ရက်နေ့မှစတင်၍ ပထမအကြိမ် ထုတ်ပြန်ကြေညာထားပေးရာ ဩဂုတ်လ ၁၄ ရက်နေ့အထိ မဲစာရင်း လာရောက်ကြည့်ရှုသူ (၃၄၂၀၁) ဦးရှိပြီး၊ လာရောက်လျှောက်ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူဦးရေ (၄၀၇၈) ဦးရှိကြောင်း သိရသည်။
Aug 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ် ကျောက်ပြင်သာအုပ်စု၊သဲချောင်းကျေးရွာရှိ ကျေးလက် နေပြည်သူများ ကိုဗစ် - ၁၉ ကာလအတွင်း စီးပွားရေးထိခိုက်မှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် အကောင်အထည်ဖောဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)လုပ်ငန်းအတွက် ရန်ပုံငွေထုတ်ချေးပေးခြင်းကို ယမန်နေ့ ညနေ ၂ နာရီက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။