အမြို့မြို့အနယ်နယ်သတင်းများ

Nov 26,2020
မွန်ပြည်နယ် မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ပြည်နယ် အစိုးရ ၏ အစီအစဉ်ဖြင့် နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာအကွယ် (Face Shield ) တပ်ဆင်ရေး အရှိန်အဟုန်မြှင့် လှုပ်ရှားဆောင်ရွက်မှုကို ယနေ့ နံနက် (၇) နာရီအချိန်ခန့်မှစ၍ လူစည်ကားရာစျေးများ၌ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Nov 26,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီအချိန်တွင် လင်းစဒေါင်းကားမှတ်တိုင်နှင့် ဗိုလ်တထောင်ကွန်တင်နာဝင်းတို့တွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် မဖြစ်မနေ နှာခေါင်းစည်း (mask) စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြစေရန် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းနှင့် Mask Campaign ကို ဆောင်ရွက်ခဲ့ကြသည်။
Nov 26,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ လိုအပ်သည့်နေရာ များတွင် အသုံးပြုနိုင်ရန်အတွက် TRADE BOSS TRADING Co;Ltd (SCOPE LUBRICANTS) MYANMAR မှ Surgical Mask (၁၀၀၀၀) နှင့် အလှူငွေ(သုံးသိန်းကျပ်တိတိ)ကို အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာသို့ လာရောက်လှူဒါန်းခဲ့သည်။ အလားတူ Primary Contact များအတွက် အလှူရှင်မိသားစုမှလည်း အောက်စီဂျင် (၁)အိုး၊ ရန်ကုန်အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးမှလည်း အချိုရည်ကဒ်(၃၂)ကဒ်၊ မွေးနေ့တူမောင်နှမမှလည်း နေ့လည်စာ ထမင်းဘူး (၁၀၀)တို့ကို လာရောက် လှူဒါန်းခဲ့ကြသည်။
Nov 26,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်ပေါ်ငယ်ကျေးရွာတွင် MCHP (Maternal Child Health Promoter) မိခင်ကလေးကျန်းမာရေး အဆင့်မြင့်တင်သူများအဖွဲ့မှ ယနေ့နံနက်ပိုင်းအချိန်က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်းများ တပ်ဆင် နိုင်ရေးအတွက် ရည်ရွယ်ပြီး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Nov 26,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက် မြစံပယ်တည်းခိုခန်းရှေ့တွင် ယမန်နေ့ ည ၈ နာရီအချိန်ခန့်က ယာဉ်(၅)စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Nov 26,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ ကျင်းပခဲ့သည်။
Nov 26,2020
ရန်ကုန်တိုင်း​​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် မြန်မာစီးပွားရေးဘဏ်ခွဲမှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ် စေရေးအတွက် ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ Social Distancing နှင့်အညီ ယမန် နေ့ နံနက် (၈) နာရီမှစတင်၍ပင်စင်လစာများ ထုတ်ပေးလျက်ရှိ ကြောင်းသိရသည်။