Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရွှေကူမြို့နယ်၌ RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ ယာဉ်နောက်လိုက်(၁)ဦးထံမှ ကိုဗစ်−၁၉ရောဂါပိုး ထပ်မံတွေ့ရှိ
Nov 26,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၁၃)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၂၈)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ ညနေ ၃ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ (၁၀)ဘီး (သံပင်/ကုန်စုံ)ယာဉ်ဖြင့် လိုက်ပါလာသူ ယာဉ်နောက်လိုက် ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက် နေထိုင်သော အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး ထပ်မံစစ်ဆေး တွေ့ရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟင်းသီးဟင်းရွက်၊ သား၊ငါးအခြေခံစား သောက်ကုန် များအား Mobile market ကားများဖြင့် တွံတေးမြို့နယ်အရောက် လိုက်လံ ရောင်းချပေး
Nov 26,2020
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန့်မှုအရ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်မှုနှင့် ကိုဗစ်-၁၉ကာလအတွင်း ပြည်သူများ စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးစေနိုင်ရေး အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် တွံတေးမြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ကာ မြို့နယ်များအတွင်း လှည့်လည်ရောင်းချသော စျေးကားအစီအစဉ်ကို ယနေ့ နံနက်ပိုင်းက အုန်းပင်စုရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်း လမ်းမကြီးရှိ၊ အ.ထ.က(၁)ကျောင်းရှေ့၌ လာရောက်ရောင်းချခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွေးကောက်ပွဲကာလ၌ အသုံးပြုခဲ့သော မဲရုံသုံးပစ္စည်းများ လာရောက်အပ်နှံ
Nov 26,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ တွင် မဲရုံများ၌ အသုံးပြုခဲ့သော မဲပုံး များနှင့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များက လာရောက်အပ်နှံလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးဝမြို့ မြို့မဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လက်တွေ့သရုပ်ပြ
Nov 26,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ ပွင့်လင်းရာသီ ရောက်ရှိလာသည့်နှင့်အညီ မီးဘေးလုံ ခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး လက်တွေ့သရုပ်ပြ မီးငြိမ်းသတ် ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့ နံနက် ၉ နာရီက မြို့မဈေး တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လသာမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ် ခွဲအထိ ကလေးငယ်များအား ပုံမှန်ကြိုတင်ကာကွယ် ဆေးထိုးနှံ တိုက်ကျွေး
Nov 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ အထိ ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကလေးငယ်များအားကိုယ် အလေးချိန်နှင့် ကျန်းမာရေး စစ်ဆေး ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ လသာမြို့နယ်၊ ဒေသန္တရ ကျန်းမာရေးဆေးပေး ခန်းတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖောင်းပြင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အတွက် ကျေးရွာ (၁၀) ရွာ ရွေးချယ်
Nov 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနက ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးလုပ် ငန်းစီမံကိန်း (VDP) ကျေးရွာများရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အစည်းအဝေး ခန်းမတွင် ပြုလုပ်ရာ စီမံကိန်းကျေးရွာ ဆယ် ရွာကို ရွေးချယ်ခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လူမှုရေး အဖွဲ့များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများပေးအပ်…
Nov 26,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လူမှုရေးအသင်းအဖွဲ့များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီခရိုင်၏ ၂၀၂၀-၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များပေးအပ်
Nov 26,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၏ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28126
Page
28127
Page
28128
Page
28129
Current page
28130
Page
28131
Page
28132
Page
28133
Page
28134
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department