အမြို့မြို့အနယ်နယ်သတင်းများ

Nov 26,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် အသက်တစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီမှစတင်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတွင် ပြန်လည်ထိုးနှံပေးနေပြီဖြစ်ကြောင်းသိရသည်။
Nov 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်ဆရာဇော်ဂျီစာကြည့်တိုက်မှဦးဆောင်၍ မြို့ပေါ်စျေးများနှင့်လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လူထုလှုပ်ရှားမှုအဖြစ် (MaskCampaign)လှုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကိုနိုဝင်ဘာလ၂၆ရက်နေ့နံနက်(၇)နာရီအချိန်တွင်ဖျာပုံမြို့ညောင်တုန်းစျေးနှင့်မြို့မစျေးတို့တွင်ဆောင်ရွက်ကြသည်။
Nov 26,2020
မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဈေးကွက်များအတွင်း ဖြန့်ဖြူးရောင်းချနေသော Aptamil Brand ကလေးနို့မှုန့်ဗူးများတွင် ကုန်အညွှန်း အမှတ်အသားနှင့် ပြည့်စုံမှုရှိ/မရှိ လိုက်လံစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က ဆောင်ရွက်သည်။
Nov 26,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ပညာရေးကဏ္ဍအဆင့် မြင့်မားရေးအတွက် အရှိန် အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ အလယ်ရွာ ကျေးရွာ အခြေခံပညာ
Nov 26,2020
၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဂန့်ဂေါခရိုင်အတွင်း ကျေးရွာ ၆ ရွာ၌ ကျေးလက် ကုန်ထုတ်လမ်းများ ဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Nov 26,2020
မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ တဖြည်းဖြည်းစိပ်လာသည့် အတွက် ပိုးတွေ့လူနာပေါင်း (၁၂၈၅) ဦး ထိရှိလာပြီး တိုင်းဒေသကြီးအတွင်း မြို့နယ် အသီးသီးမှာ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း တိုင်းဒေသ ကြီးကျန်းမာရေးဦးစီးဌာနက သိရသည်။