အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2020
နွားထိုးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်ကလေးသူငယ် အခွင့်အရေးကော်မတီနှင့် အမျိုးသမီးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Nov 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ အပြင်ထွက်သွားလာရာတွင် Mask တပ်ဆင်သွားလာခြင်း မရှိသူများအား အသိပညာပေးခြင်းနှင့် Mask အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် (၇) နာရီ က မြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 25,2020
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဇရစ်နည်းပညာပြန့်ပွားရေး စင်တာမှ ဒုတိယဦးစီးမှူး ဒေါ်ကေသွယ်မိုး ဦးဆောင်သည့် စိုက်ပညာရှင်ဝန်ထမ်းများသည် ယနေ့ နံနက်က ငွေတွင်း ကျေးရွာအုပ်စုရှိ တောင်သူဦးမောင်ပု၏ ကွမ်းစိုက်ခင်းနှင့်ဆောင်းသီးနှံ (ကုလားပဲ၊မြေပဲ) စိုက် ခင်းများတွင် ပိုးမွှားကျရောက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့​ကြောင်း သိရသည်။
Nov 25,2020
ကိုဗစ်-၁၉  ရောဂါကြိုတင် ကာကွယ်ရေး  ဆိုင်ရာအသိပညာပေးခြင်း နှင့် နှာခေါင်း စည်း(Mask) များအခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်က မွန်ပြည်နယ်၊မော်လ မြိုင်ခရိုင်၊ ခေါဇာမြို့၊ မြို့ကျက်သရေဆောင် ဈေးတွင်ဆောင်ရွက်ခဲ့သည်။
Nov 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်စည်း (mask)အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာ‌ပေးခြင်းလုပ်ငန်းများကို ယနေ့နေ့လည်ပိုင်း က ဆက်လက်ဆောင်ရွက်သည်။
Nov 25,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာ လာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် နိုဝင်ဘာ ၂၅ ရက်နေ့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့် အညီ ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Nov 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့နယ်မှဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများ ဝိုင်းဝန်း၍ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြရာ ယနေ့နံနက်ပိုင်း က မြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့မစျေးအတွင်း စျေးရောင်း/စျေးဝယ်ကြသူများအား နှာခေါင်းစည်း Mask တပ်ဆင်ရေး အသိပညာပေး ဆောင်ရွက်ကြသည်။