အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ Book Club၊ Women Club နှင့် Youth Club တို့ ပူးပေါင်း၍ စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
Nov 23,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ အရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးပေးခြင်းကို ယနေ့ နံနက်ပိုင်းမှ စ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 23,2020
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဆောင်းသီးနှံ ကြက်သွန်နီစိုက် တောင်သူများ ကြက်သွန်နီကို ပျိုးထောင်ပြီး ဘောင်တင်ရေသွင်း စိုက်ပျိုးရာမှ တိုက်ရိုက်မျိုးစေ့ချ ရေဖြန်းစနစ်ဖြင့် စတင်စိုက်ပျိုးလာကြောင်း သိရှိရသည်။
Nov 23,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရန် ပြည်သူများနေအိမ်တွင် နေထိုင်ရေးပန်ကြားချက်များအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး မြို့တွင်းလှည့်လည်ဆော်သြခြင်းကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယမန်နေ့ညနေ (၄)နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 23,2020
ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ အမှတ်(၁၂၄) ကျောက်မဲခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ဝေလင်းနိုင်နှင့် ကျောက်မဲ၊ သီပေါ ယာဉ်ထိန်းရဲတပ်ဖွဲ့စုများမှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ သီပေါမြို့နယ်ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မျိုးကျော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask)များ၊ ဆိုင်ကယ်စီး ဦးထုပ်များ အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ ဗိုလ်ချုပ်လမ်းနှင့် မိုင်းပွန်လမ်းထောင့် မီးပွိုင့်နှင့် စာတိုက်ထောင့်တို့တွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ် ဆောင်ရွက်ခဲ့သည်။
Nov 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် အသက်မွေး ဝမ်းကြောင်း အထောက်အကူပြု သင်တန်းများကို ဘဏ္ဍာနှစ်အလိုက် (အခမဲ့) ဖွင့်လှစ်သင်ကြားပေး လျက်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် လျှပ်စစ်သံဂဟေဆက်သင်တန်းကို ဒီဇင်ဘာ ၁၀ ရက်မှစတင်၍ အဆိုပါဦးစီးဌာန၌ (အခမဲ့)ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။