အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ညောင်ပင်သာ နည်းပညာပြန့်ပွားရေး တာဝန်ခံ ဒုလက်ထောက်ဦးစီးမှူး ဒေါ်မြတ်နိုးဆွေ၊
Nov 23,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေ လာကောင်းမွန်စေရေး ရေမြောင်းတူးဖော်ခြင်း ၊အများပြည်သူသွားလာမှု အဆင်ပြေစေရေးအတွက် လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။
Nov 23,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၏ ပထမ(၃)ပတ်အတွင်း ဆောင်ရွက်ရန်လျာထားသည့် မြို့သန့်ရှင်းသာယာလှပရေး၊ တည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား သတ်မှတ်ချိန်ထက် စောလျင်စွာ ဆောင်ရွက်ပြီးစီးရန် အကောင်အထည်ဖော်လျက်ရှိရာ လက်ရှိတွင် လမ်းကျောက်ခင်းခြင်းလုပ်ငန်း(၁)ခုသာ ကျန်ရှိလျက်ရှိကြောင်း သိရသည်။
Nov 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်အတွင်းရှိ အများပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး အရည်အသွေးများကို နိုဝင်ဘာလ ပထမအပတ်မှစ၍ စစ်ဆေးပေးလျက်ရှိကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Nov 23,2020
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးနှင့် ပြန့်ပွားမှုမရှိစေရေးအတွက် မျက်နှာအကာနှင့် နှာခေါင်းစည်းများ တပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 23,2020
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်း အမှတ် “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ဆောင်ပါးပြိုင်ပွဲနှင့် ဝတ္ထုတိုပြိုင်ပွဲအား ဖိတ်ခေါ်ကျင်းပခဲ့ပါ သည်။
Nov 23,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားရေးအသိပညာပေးဆောင်ရွက်ခြင်းကို တာဝန်ရှိသူများက ယနေ့နံနက် ၆နာရီခန့် က တုံတာမြို့ မနက်ခင်းဈေးတွင် ဆောင်ရွက်ခဲ့သည်။
Nov 23,2020
နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ရှောင်တခင်စစ်ဆေး ကြပ်မတ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့မဈေးအနီးရှိ ဗိုလ်ချုပ်လမ်းအနီး၌ ဆောင်ရွက်ခဲ့သည်။