အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွှဲ (၁)နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရ ပြည့်၀စေမည့် စားသုံးသီးနှံ ထုတ်လုပ်နိုင်ရေး တောင်သူများအား နည်းပညာပေး ဆွေးနွေးခြင်းကို နို၀င်ဘာလ ၂၃ ရက်၊ နံနက် ၁၀ နာရီ အချိန်က ခင်မွန်စိုက်ပျိုးနည်း ပညာပြန့်ပွားရေးစင်တာနယ်မြေအတွင်းရှိ တောင်သူများအား နည်းပညာပေးဆွေးနွေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 23,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုများလာသည်နှင့်အမျှ မန္တလေးမြို့ ၆ မြို့နယ်အတွင်း Quarantine Centerများကိုလည်း တိုးချဲ့ထားရှိလာသည့် အတွက် စင်တာများမှ ထွက်ရှိသည့်စွန့်ပစ်အမှိုက် တစ်နေ့လျှင် ပျမ်းမျှ ၈တန်ရှိလာသည့်အတွက် BIOHAZARD သီးသန့်ယာဉ် ထပ်မံဖြည့်ဆည်း ထားကာ နံနက် ၆နာရီခွဲမှ စတင်လှည့်လည် သိမ်းဆည်း၍ တောင်အင်းမြောက်အင်းရှိ သီးသန့်မီးရှို့စက်တွင် မီးရှို့ဆောင်ရွက်ပေးလျက်ရှိကြောင်း BIOHAZARD Waste သိမ်းဆည်းခြင်းကို ၆ မြို့နယ်ကြီးကြပ် ဆောင် ရွက်နေသူ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနမှဌာနစုမှူး ဦးဇေယျာငြိမ်းထံမှ သိရသည်။
Nov 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြို့ကြီးကျေးရွာနှင့် မြို့နယ်ပြည်သူ့ဆေးရုံအတွက် KBZ ဘဏ် မိသားစုမှ ဦးဆောင်၍ ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ အလှူငွေနှင့် ကိုဗစ်-၁၉ ထောက်ပံ့ပစ္စည်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီခန့်က မြို့နယ် ပြည်သူ့ဆေးရုံ၊ ရုံးခန်းမ၌ ကျင်းပခဲ့သည်။
Nov 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိရောက်စွာ ထိန်းချူပ်နိုင်ရန်အတွက် ဆိုင်ထိုင်စားသောက်ခြင်း မဟုတ်ဘဲ (Take away) ပါဆယ် စနစ်ဖြင့်သာ ရောင်းချသွားရန် ညွှန်ကြားချက် ထုတ်ပြန်ထားရာမှ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး သတ်မှတ်ချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယမန်နေ့မွန်းလွှဲ ၃ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 23,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပြန့်ပွားမှု မရှိစေရန်၊ ဈေးရောင်းဈေးဝယ်သူများနှင့် အပြင်သွားလာသူများအား Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက သံတောင်မြို့ဈေးနှင့် လူအသွားအလာများသည့် နေရာများတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
Nov 23,2020
စစ်ကိုင်းမြို့၊ ကုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသို့ မြို့မိ/ မြို့ဖ အဖွဲ့မှ Surgical Gowns များ၊ အသက်ရှူစက်နှင့် အလှူရှင်များမှ ပရဟိတအသင်းများသို့ ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်လှူဒါန်းပွဲ ကို ယမန်နေ့၊ နံနက်ပိုင်းက ပြည်သူ့ဆေးရုံကြီးရှိ အစည်းအဝေးခန်းမအတွင်း ကျန်းမာရေးနှင့် အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Nov 23,2020
ရှမ်းပြည်နယ် လောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ နိုဝင်ဘာ(၂၁)ရက်နေ့ နောင်ချိုစစ်ဆေးရေးဂိတ်တွင် ကားဆရာတစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီးနောက် ၎င်းနှင့်ထိတွေ့ထားသူ (၁၃)ဦးကို နတလကျောင်းမှာထားရှိရာ ယမန်နေ့ညနေ မြို့နယ်ကျန်းမာရေးဦးစီးဌာနက အဆိုပါ(၁၃)ဦးကို Test Kit နဲ့စစ်ဆေးကြည့်ရာ ၎င်းတို့အထဲက အမျိုးသမီးတစ်ဦးထံမှာ ကိုဗစ်-၁၉ ပိုး ထပ်မံတွေ့ရှိထားသဖြင့် နမ့်ဆန်မြို့နယ်မှာ ရောဂါပိုးတွေ့ရှိသူ (၂)ဦးရှိပြီဖြစ်ကြောင်း သိရသည်။