Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရှမ်းပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Nov 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က ရှမ်းပြည်နယ် အစိုးရ အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲ အွန်လိုင်းမှပြုလုပ်
Nov 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အွန်လိုင်းဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီရှိ Quarantine စင်တာများ၌ အသွားအလာ ကန့်သတ်ထားသူများ၏ Swab နမူနာများ ကွင်းဆင်းရယူ
Nov 23,2020
ကိုဗစ် - ၁၉ ရောဂါကာလအတွင်း အသွားအလာကန့်သတ်နယ်မြေ သတ်မှတ်ထားသော ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များနှင့် အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်များမှတစ်ဆင့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်းသို့ ပြန်လည်ရောက်ရှိ လာကြသဖြင့် (Community Based Facility Quarantine) များ အတွင်း (၁၄) ရက်အကြာ အသွားအလာ ကန့်သတ် စောင့်ကြည့်ခံနေရသူများကို ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ အတည်ပြု စစ်ဆေးနိုင်ရန်အတွက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်သိုက်ထွန်း၏ ညွှန်ကြားချက်ဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီအချိန်က ကျေးရွာ Quarantline Center များအထိ သွားရောက်၍ ၎င်းတို့၏ နာခေါင်းနှင့်အာ ခေါင်တို့ဖတ်(Swab)နမူနာများကို ရယူခဲ့ကြကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပြီး နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ
Nov 23,2020
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်စည်း (Mask)များ မဖြစ်မနေ တပ်ဆင်၍ သွားလာကြရန်အတွက် ယနေ့နံနက် ၈ နာရီခွဲခန့်တွင် မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မိုးစပါး စံကွက်ရိတ်သိမ်းနည်းစနစ် ကွင်းသရုပ်ပြပွဲကျင်းပ
Nov 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနဝန်ထမ်းများပူပေါင်း၍ ကက်သာကျေးရွာ၊ ကွင်းအမှတ်-၁၃၄၊ နောင်ပေတင်ကွင်း၊ ဦးပိုင် အမှတ်( ၇၃)၊ တောင်သူ ဦးဘကြည် လယ်ဆင်းဧကရီ -၃၊ မိုးစပါး စိုက်ခင်းတွင် (ဝဒသမ၁၀)ဧက စံကွက်၊ ၆ဒသမ၆ပေ စံကွက်ရိတ် သိမ်းသရုပ်ပြပွဲ ကိုယမန်နေ့ နံနက်(၁၀)နာရီခွဲက အဆိုပါနေရာတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Nov 23,2020
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပေါ်ဆန်းရင် မျိုးစေ့ထုတ် မိုးစပါးစံကွက် ရိတ်သိမ်းခြင်း ကွင်း သရုပ်ပြပွဲဆောင်ရွက်
Nov 23,2020
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု၏ထောက်ပံ့မှုအရဆောင်ရွက် ထား သော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းစံကွတ်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲကိုနိုဝင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းကမုရစ်ကလေးကျေးရွာကွင်းအမှတ် (၇၆၀) ရှိတောင်သူဦးတင်ထွဋ်၏ စံပြစိုက်ကွက်တွင် ပြုလုပ်ရာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြိုနယ်စိုက်ပျိုးရေးဝန်ထမ်းများနှင့် တာဝန်ရှိ သူများ၊ဒေသခံများတက်ရောက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လေရှီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်
Nov 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများ အရှိန်အဟုန်မြင့်ကာ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များက
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28169
Page
28170
Page
28171
Page
28172
Current page
28173
Page
28174
Page
28175
Page
28176
Page
28177
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department