Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်
Nov 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ် ၊ကုသ ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်သူများအား Stay at Home ကာလအတွင်း မဖြစ်မနေအပြင် သို့ထွက်ရမည်ဆိုပါက နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက် အသီးသီးတွင် တာဝန်ရှိသူများ က လိုက်လံနှိုးဆော်အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စံပြကွက် ရိတ်သိမ်းခြင်းနှင့် စပါးဖြုတ်ပိုး ကာကွယ်ရ…
Nov 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် CERP ဖြင့်စိုက်ပျိုး ထားသော မိုးစပါးမျိုးစေ့ထုတ် စံပြကွက်ရိတ် သိမ်းခြင်းနှင့် စပါးဖြုတ်ပိုးကာကွယ်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် (၉) ခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
စပါးခင်းအတွင်း စပါးနှံစုပ်ပိုးများကျရောက် ဖျက်ဆီးခြင်းခံနေရသော တောင်သူများထံသို့ ပိုးသတ်ဆေး၊ ဆေးဖျန်းပုံနှင့် ပေါင်းရှင်းစက်များပေးပို့
Nov 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၊ ဇီးချိုင်ကျေးရွာရှိ စပါးခင်းများအတွင်း ယခုလ ၁၅ ရက်နေ့က စတင်ကာ စပါးနှံစုပ်ပိုးများ အခင်းလိုက်၊ အကွက်လိုက်ကျရောက်နေခြင်းကြောင့် တောင်သူများ အခက်အခက်ဖြစ်ပေါ်နေပြီး မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးတင်ညိုနှင့်ဝန်ထမ်းများက နယ်မြေကွင်းဆင်းကာ ပညာပေးဆွေးနွေးခြင်း၊ ပိုးသတ်ဆေးဖြန်းပုံးဖြင့် ပိုးသတ်ဆေးဖျော်စပ်ကာ လက်တွေ့ပက်ဖြန်းမှု သရုပ်ပြခြင်းနှင့် ပိုးသတ်ဆေးရေပုလင်းများ ထောက်ပံ့ပေးပို့ခြင်းတို့ကို ဆောင်ရွက် နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၁၂)ကျောင်း Quarantine Centre တွင် ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်မှ အလှူငွေများ လာရောက်လှူဒါန်း
Nov 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဇ)ရပ်ကွက် အ.မ.က (၁၂) ကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Centre အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန် အလှူရှင်မှ အလှူငွေများကို ယမန်နေ့ နံနက် ၁၀ နာရီက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်အတွင်း ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲများကို ကိုဗစ်-၁၉လမ်းညွှန်ချက်များနှင့်အညီ ကန့်သတ် ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Nov 19,2020
ကချင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ရိပ်သာများတွင် ကထိန်ကာလအတွင်း၌ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ် တားဆီးရေးဆိုင်ရာ လမ်းညွှန်မှာကြားချက်များနှင့်အညီ အကန့်အသတ်ဖြင့် ပြုလုပ်ကျင်းပ နိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့နယ် အရှေ့စည်းကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးဆင်းသုခ စံကွက်ရိတ်သိမ်း
Nov 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် အရှေ့စည်းကျေးရွာတွင် ကိုဗစ်-၁၉ကြောင့်စီးပွားရေး ထိခိုက်မှုအပေါ် သက်သာရေး စီမံချက် (CERP)အစီအစဉ်အရ စိုက်ပျိုးထားသော မိုးစပါးဆင်းသုခ စံကွက်ရိတ်သိမ်းခြင်းကို တောင်သူဦးမင်းဇော်၏လယ်ကွင်းတွင် ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် ပျားမွေးမြူရေး ရေးလုပ်ငန်းလာလုပ်ရင်း ကိုဗစ်၁၉ ပိုးတွေ့ခဲ့သည့် အမျိုးသား သည် ဆေးရုံမှဆင်းခွင့်ရ
Nov 19,2020
ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် ပျားမွေးမြူရေး လုပ်ငန်းတွင် အလုပ် လုပ်ရန်လာရောက်ရင်း ကိုဗစ်၁၉ အတည်ပြုလူနာ အမျိုးသား (၁)ဦးယမန်နေ့ မွန်းလွဲ ၂ နာရီက ကျောက်မဲခရိုင် ဆေးရုံမှ ဆင်းခွင့်ရသွားပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့ ပြည်သူ့အားကစားကွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး
Nov 19,2020
ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ ပြည်သူ့အားကစားကွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အားကစား နှင့်ကာယပညာဦးစီးဌာန(ရုံးချုပ်)အစီအစဉ်ဖြင့် နိုဝင်ဘာလဆန်းပိုင်းက စတင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့ မွန်းလွဲပိုင်းက ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ် လုပ်ငန်းကြီးကြပ်မှုကော်မတီ နှင့် ငါးသိုင်းချောင်းမြို့ အားကစားနှင့်ကာယပညာကော်မတီ တာဝန်ရှိသူများ က အားကစားကွင်းရှိ ပြင်/ထိန်းလုပ်ငန်း ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28212
Page
28213
Page
28214
Page
28215
Current page
28216
Page
28217
Page
28218
Page
28219
Page
28220
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department